Disclosure Day (2026)

Genres: Thriller · Science Fiction
၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg ရဲ့ Sci-Fi / Thriller ဇာတ်ကားကောင်းလေးတစ်ကား ထွက်လာပါပြီ။ ဒီကားကတော့ ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မယ့် အကြောင်းကို ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအနေနဲ့ Emily Blunt, Josh O'Connor နဲ့ Colin Firth တို့လို နာမည်ကြီးတွေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအစမှာ ကမ္ဘာကြီးက တတိယကမ္ဘာစစ်ဖြစ်ဖို့ တော်တော်လေး နီးစပ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အဲဒီအချိန်မှာ ဆိုက်ဘာလုံခြုံရေးသမား ဒန်နီရယ် (Josh O'Connor) က သူအလုပ်လုပ်နေတဲ့ Wardex ဆိုတဲ့ လျှို့ဝှက်အစိုးရအဖွဲ့အစည်းကနေ ဂြိုဟ်သားတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ပစ္စည်းတချို့ကို ခိုးယူပြီး ထွက်ပြေးလာပါတယ်။ Wardex ရဲ့ အကြီးအကဲ နိုအာ (Colin Firth) ကတော့ သူတို့ကို အသေအလဲ လိုက်ဖမ်းပါတော့တယ်။ တစ်ဖက်မှာလည်း မိုးလေဝသကြေညာသူ မာဂရက် (Emily Blunt) ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံပြီးတဲ့နောက်မှာ လူတွေရဲ့ စိတ်ကို ဖတ်နိုင်တာ၊ သူတစ်ခါမှ မသင်ဖူးတဲ့ ဘာသာစကားတွေကို ပြောတတ်လာတာမျိုးတွေ ဖြစ်လာပါတယ်။ တစ်နေ့မှာ သူ ရာသီဥတုသတင်း ကြေညာနေတုန်း ဂြိုဟ်သားတွေရဲ့ ဘာသာစကားနဲ့ ပြောလိုက်မိတဲ့ ဗီဒီယိုက အင်တာနက်မှာ ပျံ့သွားတာကြောင့် Wardex အဖွဲ့က သူ့ကိုပါ လိုက်ဖမ်းပါတော့တယ် တကယ်တော့ ဒန်နီရယ် နဲ့ မာဂရက် တို့နှစ်ယောက်စလုံးက ငယ်ငယ်ကတည်းက ဂြိုဟ်သားတွေ ပြန်ပေးဆွဲတာကို ခံခဲ့ရပြီး ကမ္ဘာမြေကို သတင်းစကားပါးနိုင်ဖို့ စွမ်းအားတွေ ထည့်ပေးခံခဲ့ရတာပါ။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ပေါင်းပြီး ဂြိုဟ်သားတွေ တကယ်ရှိကြောင်းနဲ့ အစိုးရက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ကမ္ဘာတစ်ဝှမ်းလုံး သိအောင်ဖွင့်ချဖို့ ကြိုးစားကြပါတယ်။ ဇာတ်ကွက်အဆန်းလေးတွေနဲ့ စောင့်ကြည့်ရတဲ့ နိုင်ငံတကာရုပ်ရှင်တွေကို သဘောကျရ…