Black Rain (1989)

Black Rain

Genres: Drama · Thriller · Action

၁၉၈၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး အက်ရှင်သည်းထိတ်ရင်ဖိုဇာတ်ကား "Black Rain" အကြောင်း ပြန်လည်မျှဝေပေးချင်ပါတယ်။ နာမည်ကျော် ဒါရိုက်တာကြီး Ridley Scott ရိုက်ကူးပြီး ဟောလိဝုဒ်မင်းသား Michael Douglas, Andy Garcia တို့နဲ့အတူ ဂျပန်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Ken Takakura နဲ့ Yusaku Matsuda တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ အခုချိန်ထိ ကြည့်လို့ကောင်းနေဆဲ ဂန္ထဝင်ဇာတ်ကားတစ်ကားပါ။ နယူးယောက်မြို့က ခပ်ကြမ်းကြမ်း စုံထောက်နှစ်ယောက်ဖြစ်တဲ့ Nick (Michael Douglas) နဲ့ Charlie (Andy Garcia) တို့ဟာ ဂျပန် Yakuza ဂိုဏ်းဝင် လူမိုက်ခေါင်းဆောင် Sato ကို ဖမ်းဆီးရမိခဲ့ပါတယ်။ Sato ကို ဂျပန်နိုင်ငံ အိုဆာကာမြို့ဆီ လွှဲပြောင်းပေးဖို့ ခေါ်လာရင်းနဲ့ လေဆိပ်မှာတင် လူလည်ကျပြီး အလွတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ Sato ကို ပြန်ဖမ်းမိဖို့အတွက် စည်းကမ်းကြီးတဲ့ ဂျပန်စုံထောက် Masahiro (Ken Takakura) နဲ့ ပူးပေါင်းပြီး အိုဆာကာမြို့ရဲ့ အန္တရာယ်များတဲ့ Yakuza အောက်ခြေလောကထဲကို ဝင်ရောက်ရှာဖွေရပါတော့တယ်။ အမေရိကန်ရဲတွေရဲ့ ထင်ရာစိုင်းလုပ်တတ်တဲ့ အကျင့်၊ ဥပဒေကို သိပ်ဂရုမစိုက်တဲ့ စတိုင်နဲ့ ဂျပန်ရဲတွေရဲ့ စည်းကမ်းကို အတိအကျလိုက်နာတတ်တဲ့ စတိုင်တွေကို ယှဉ်ပြသွားတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ Nick နဲ့ Masahiro တို့ရဲ့ မတူညီတဲ့ အယူအဆတွေကနေ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရလာတဲ့ Buddy-cop သဘောတရားကို သေချာလေး ရိုက်ပြထားပါတယ်။ ဒါရိုက်တာ Ridley Scott ရဲ့ လက်ရာပီပီ အိုဆာကာမြို့ရဲ့ ညဘက်ရှုခင်းတွေ၊ မိုးရွာနေတဲ့ လမ်းမတွေ၊ နီယွန်မီးရောင်တွေနဲ့ ခပ်မိုက်မိုက် Neo-noir ဆန်ဆန် ရိုက်ပြထားတာက မျက်စိပသာဒဖြစ်စေပြီး ၈၀ ပြည့်လွန်နှစ်တွေရဲ့ Vibe ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ Michael Douglas ရဲ့ မာထန်ထန် စုံထောက်ကာရိုက်တ…

You May Also Like