Bad Boy Symphony (2019)

Genres: Action
လူငယ်ထိန်းသိမ်းရေးကျောင်းက လူဆိုးလေးတွေရဲ့ဖြစ်ရပ်မှန်ကို အခြေခံပြီး ၂၀၁၉ခုနှစ်မှာထွက်ရှိခဲ့တဲ့ ထိုင်ဝမ်ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။လောကကြီးရဲ့ ဥပေက္ခာပြုခြင်းကို ခံထားရတဲ့ လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းရဲ့ အုတ်နံရံမြင့်ကြီးတွေအောက်မှာတော့ နေ့ရက်တိုင်းဟာ ဒေါသတွေ၊ ရန်ပွဲတွေနဲ့ပဲ ပြည့်နှက်နေခဲ့ပါတယ်။ အုပ်စုဖွဲ့ ဗိုလ်ကျတတ်တဲ့ ခေါင်းဆောင်လူငယ် အစ်ကိုလေ နဲ့ အပေါင်းအပါတွေဟာ လက်သီးလက်မောင်းတန်းပြီး အချင်းချင်းအနိုင်ယူဖို့လောက်ပဲ ခေါင်းထဲမှာ ရှိခဲ့ကြသူတွေပါ။ အကြိမ်ကြိမ်ထွက်ပြေးဖို့ကြိုးစားရင်း အကျဉ်းသက်တမ်းတွေပိုတိုးလာခဲ့တဲ့ သူတို့အတွက် အနာဂတ်ဆိုတာ မှောင်မိုက်နေတဲ့ အခန်းကျဉ်းလေးတစ်ခုထက် မပိုခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီကြမ်းတမ်းခက်ထန်လွန်းတဲ့နှလုံးသားတွေကို အရည်ပျော်စေမယ့် ထူးခြားတဲ့ အလှည့်အပြောင်းတစ်ခု ရောက်ရှိလာခဲ့ပါတော့တယ်။ အဲ့ဒါကတော့ လက်နက်တွေ၊ ရန်ပွဲတွေနဲ့ အသားကျနေတဲ့ ဒီဆိုးသွမ်းလူငယ်တစ်သိုက်ကို ဂန္ထဝင်တေးဂီတအဖွဲ့တစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်လိုက်ခြင်းပါပဲ။ အစပိုင်းမှာတော့ တူရိယာတွေကို ကိုင်စွဲရတာဟာ သူတို့အတွက် လှောင်ပြောင်စရာတစ်ခုလိုဖြစ်နေခဲ့ပြီး သံစဉ်တွေအစား ဆူညံပွက်လောရိုက်နေတဲ့ ရန်ပွဲအသံတွေသာ ထွက်ပေါ်နေခဲ့ပါတယ်။ဒါပေမဲ့ ဂီတဆရာမရဲ့ စိတ်ရှည်လက်ရှည်လမ်းပြမှုတွေအောက်မှ ာ တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားတွေ တဖြည်းဖြည်းလျော့ပါးလာခဲ့ပါတယ်။ လက်သီးဆုပ်ထားတဲ့ လက်တွေက တူရိယာခလုတ်တွေပေါ်ရောက်ရှိလာချိန်မှာတော့... သူတို့ရဲ့ ရင်ထဲကနာကျင်မှုတွေ၊ မကျေနပ်ချက်တွေဟာ ဂီတသံစဉ်တွေအဖြစ် စီးဆင်းထွက်ပေါ်လာခဲ့ပါတော့တယ်။ အချင်းချင်း နားလည်မှုတွေ၊ စည်းလုံးညီညွတ်မှုတွေနဲ့အတူ ပြင်ပလောကရဲ့ ဂီတပြိုင်ပွဲကြီးဆီကို ခြေလှမ်းဖို့ အစွမ်းကုန်ကြိုးစားရုန်းကန်ကြပါတော့တယ်။ အတိတ်က အမဲစက်တွေကို ဂီတသံစဉ်တွေနဲ့ ဆေးကြောရင်…