Air Shift (2026)

Air Shift

Genres: Horror · Thriller

Air Shift (2026) ညသန်းခေါင်ယံတိတ်ဆိတ်မှုအောက်မှာ ရေဒီယိုစတူဒီယိုလေးတစ်ခုရဲ့ လေလှိုင်းပေါ်ကနေ သီချင်းတွေ လွှင့်ထုတ်နေတဲ့ ဒီဂျေမလေး လီဆာတစ်ယောက် သူ့ရဲ့နောက်ဆုံးညလွှင့်ထုတ်မှုကို ရင်နဲ့ရင်းပြီး လုပ်ဆောင်နေရချိန်ပါ။ ဒါပေမဲ့ စတူဒီယိုတည်ရှိရာ အဆောက်အဦကြီးဟာ ရေဒီယိုလုပ်ငန်းတွေ အကျဘက်ရောက်နေလို့ တစ်ပတ်အတွင်း အပြီးတိုင်ပိတ်သိမ်းရတော့မှာဖြစ်သလို အဲဒီမြေနေရာကိုယ်တိုင်ကလည်း ရေဒီယိုသတ်မှတ်ချက်နဲ့မကိုက်ညီဘဲ အဆိပ်သင့် radioactive အမှိုက်တွေ စွန့်ပစ်ထားခဲ့ဖူးတဲ့မြေပုံပေါ်က ခြောက်ခြားစရာနေရာတစ်ခုဖြစ်နေခဲ့ပါပြီ။ ဒီစတူဒီယိုလေးဟာ လီဆာ့အဖေရဲ့အိပ်မက်ဖြစ်ခဲ့ပြီး သေတမ်းစာလို မြတ်နိုးခဲ့ရတဲ့ နေရာတစ်ခုဖြစ်တာကြောင့် သူ့ရင်ထဲမှာ ဆုံးရှုံးမှု၊ နာကျင်မှုတွေနဲ့ ပြည့်နှက်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ ကားပျက်လို့ဆိုပြီး အကူအညီတောင်းဖို့ဝင်လာတဲ့ ဂျွန်ဆိုတဲ့ လူတစ်ယောက်ကို လီဆာက လူသားချင်းစာနာပြီး စတူဒီယိုထဲမှာ ဝင်နားခွင့်ပေးလိုက်မိပါတယ်။ ဒါပေမဲ့ တကယ့်အမှန်တရားကတော့ အဲဒီလူဟာ သတင်းတွေမှာ ဆူညံနေတဲ့၊ မြို့ထဲမှာ အမျိုးသမီးတွေကိုလိုက်လံသတ်ဖြတ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်နေတာပါပဲ။ သာမန်ရေဒီယိုစတူဒီယိုလေးဟာ လူသတ်သမားရဲ့ဖမ်းဆီးထိန်းချုပ်ခြင်းကိုခံလိုက်ရတဲ့ သုံ့ပန်းစခန်းငယ်လေးတစ်ခုဖြစ်သွားခဲ့ပါတော့တယ်။ လူသတ်သမားရဲ့ ခြိမ်းခြောက်မှုတွေရှိနေတဲ့ကြားမှာပဲ အပြင်ဘက်ကမ္ဘာမှာ ပိုရင်ဖိုစရာကောင်းတဲ့ ကပ်ဆိုးကြီးတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပါတယ်။ စတူဒီယိုအနီးနားက အဆိပ်သင့်စွန့်ပစ်ပစ္စည်းဖယ်ရှားရေးလုပ်သားတွေဟာ မြေကြီးအောက်က ဓာတ်ရောင်ခြည်သင့်မှုတစ်ခုကြောင့် လူသားတွေအဖြစ်ကနေ အချင်းချင်းကိုက်ဖြတ်စားသောက်တဲ့ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားကြတာပါ။ အပြင်ဘက်မှာ ကိုက်ဖြတ်ချင်နေတဲ့ဇွန်ဘီအုပ်စုကြီးက ဝိုင်းအုံလာပြီး၊…

You May Also Like