24 Hours to D-Day (2024)

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action/War အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်.. ရုပ်ရှင်ပညာဆုပေါင်းများစွာရရှိထားပြီး အော်စကာဆု စကာတင်စာရင်းမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Eric Roberts ဟာ ဒီဇာတ်ကားလေးမှာ မဟာမိတ်တပ်ပေါင်းစုရဲ့ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်.... ဒုတိယကမ္ဘာစစ်အတွင်း နော်မန်ဒီကမ်းတက်တိုက်ပွဲအတွက် ယူရီကာရေဒါအချက်ပြစနစ် နေရာချထားပေးရမယ့် လေထီးခုန်တပ်သားတွေရဲ့ သက်စွန့်စံဖျားကြိုးစားအားထုတ်မှုကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်.. နာမည်ကျော် နော်မန်ဒီကမ်းတက်တိုက်ပွဲဟာ ဂျာမန်နာဇီဝါဒချုပ်ငြိမ်းဖို့အတွက် အရေးပါခဲ့တဲ့ တိုက်ပွဲတွေထဲက တစ်ခုဖြစ်ပြီး လေထီးခုန်တပ်ဖွဲ့တစ်စုဟာ ကမ်းတက်တိုက်ပွဲမတိုင်ခင်မှာပဲ တိုက်ပွဲအတွက်အရေးပါတဲ့ စစ်ဆင်ရေးပြုလုပ်ခဲ့ရပါတယ်.. ၎င်းတို့ဟာ ဂျာမန်များသိမ်းပိုက်ထားတဲ့ နယ်မြေအတွင်းသို့ ဝေဟင်မှတဆင့်စိမ့်ဝင်ပြီး စစ်မျက်နှာပြင်တစ်ခုဖွင့်ဖို့ ကြိုးစားရပါတယ်.. သို့သော်လည်း ပြင်သစ်နိုင်ငံရဲ့ ထူထဲလှတဲ့မြူဟာ လေထီးခုန်တပ်ဖွဲ့များ ဆင်းသက်ရာစုရပ် ရှာရေးဖွေရေးကို ကြီးစွာဒုက္ခပေးလျက်ရှိရာ ယူရီကာရေဒါအချက်ပြစနစ်ဟာ အဖြေတစ်ခုဖြစ်လာခဲ့ပါတယ်.. ထိုစနစ်ဟာ မြေပြင်မှာ သုံးရတာဖြစ်တဲ့အတွက်ကြောင့် လေထီးခုန်တပ်ဖွဲ့များအားလုံး မထိုးဖောက်မီ တပ်ကြပ်ကြီစတီးတို့တပ်စုဟာ ယူရီကာရေဒါ အချက်ပြစနစ်တပ်ဆင်ရေးအတွက် ကြိုတင်နေရာချထားခံရပါတယ်.. မြူဆိုင်းတဲ့ပြင်သစ်ရာသီဥတုရဲ့ ရက်စက်မှုကြောင့် ၎င်းတို့တပ်စုဟာ ဆင်းသက်ရာမြေပြင်ရှာမရဘဲ တစ်ယောက်တကွဲစီ ပြန့်ကျဲကာ နောက်ဆုံး လူ ၄ ယောက်သာ အသက်ရှင်နိုင်ခဲ့ပါတယ်. ဂျာမန်များစိုးမိုးရာ နယ်မြေအတွင်း ဌာနချုပ်နဲ့ပါ အဆက်အသွယ်ပြတ်သွားသူ ၄ ယောက်တည်း လှုပ်ရှားရတဲ့ ယူရီကာရေဒါအချက်ပြစနစ်တပ်ဆင်မှုစစ်ဆင်ရေးဟာ အောင်မြင်ဖို့ရာ အခွင့်အလမ်းနည်းပါးလာတ…