LA BOLA NEGRA (2026)

La bola negra (2026) မတူညီတဲ့ ခေတ်ကာလ သုံးခုဆီက လိင်တူချစ်သူ သုံးဦးရဲ့ ဘဝ အတိတ်ရဲ့ လက်ဆင့်ကမ်းမှုတွေကို တစ်ခုနဲ့တစ်ခု ဆက်နွယ်ကာ အနုစိတ် ပုံဖော်ထားတဲ့ စပိန် Drama / LGBTQ+ ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စပိန်နိုင်ငံရဲ့ မတူညီတဲ့ ခေတ်ကာလ သုံးခုမှာ ရှင်သန်ခဲ့ကြတဲ့ အမျိုးသား လိင်တူချစ်သူ သုံးဦးရဲ့ ဘဝကို အခြေခံ ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်များက စပိန် ပြည်တွင်းစစ် ကာလ၊ ၂၀ ရာစု အလယ်ပိုင်း ဖိနှိပ်ချုပ်ချယ်မှု ကာလနဲ့ ယနေ့ခေတ် ပြိုင်ဘဝများအထိ ခေတ်ကာလအလိုက် လိင်တူချစ်သူတွေ ရင်ဆိုင်ခဲ့ရတဲ့ လူမှုရေး ဖိအားတွေနဲ့ ပုန်းကွယ်ခဲ့ရတဲ့ အချစ်တွေကို ဖော်ပြထားပါတယ်။ ဒီ ဇာတ်ကောင်သုံးဦးဟာ ခေတ်ကာလ ကွဲပြားသွားပေမဲ့လည်း စိတ်ဆန္ဒ ၊ နာကျင်မှုနဲ့ လက်ဆင့်ကမ်းလာမှုတွေနဲ့ ဆက်နွယ်နေကြပါတယ်။ သူတို့ရဲ့ လွတ်လပ်ခွင့်အတွက် ရုန်းကန်ရမှုနဲ့ စစ်မှန်တဲ့ မေတ္တာတရားကို ရှာဖွေပုံကို သေချာရိုက်ပြထားတာ ဖြစ်ပါတယ်။ File Size : 1.4 GB/ 2.2 GB Quality : WEB-DL 1080p/ 720p Format : mp4,mkv Duration : 2hr 40m Genre : Drama, Epic Subtitle : Myanmar Subtitle (Hard Sub)