Sisa (2026)

Genres: Drama · Thriller · War
Sisa (2026) *********** ဒီဇာတ်ကားကို Quantum Films ၊ Cineko Productions နဲ့ Octobertrain Films တို့ ပူးပေါင်းထုတ်လုပ်ပြီး ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ထိပ်တန်းဒါရိုက်တာ Jun Robles Lana က ကိုယ်တိုင်ဇာတ်ညွှန်းရေးသားရိုက်ကူးထားတာပါ။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ 'ဆီစာ' အဖြစ် သရုပ်ဆောင်သွားတာကတော့ ဝါရင့်မင်းသမီးကြီး Hilda Koronel ဖြစ်ပြီး သူနဲ့အတူ Eugene Domingo ၊ Jennica Garcia တို့လို သရုပ်ဆောင်ကောင်းတွေက ဖိနှိပ်ခံအမျိုးသမီးတွေအဖြစ် အားဖြည့်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းနောက်ခံက ဖိလစ်ပိုင်-အမေရိကန်စစ်ပွဲကြီးပြီးဆုံးခါနီး ကျေးလက်ဒေသက အမေရိကန်စစ်စခန်းတစ်ခုမှာ အခြေတည်ထားတာပါ။ ဇာတ်ကောင် ဆီစာဟာ ဖိလစ်ပိုင်အမျိုးသားစာဆိုကြီး José Rizal ရဲ့'Noli Me Tángere' ဝတ္ထုထဲက သားသမီးတွေပျောက်လို့ စိတ်ဖောက်ပြန်သွားတဲ့သနားစရာမိခင်ပုံရိပ်ကို အခြေခံထားတာဖြစ်ပေမယ့် ဒါရိုက်တာ Jun Robles Lana ကတော့ ဒီဇာတ်ကားမှာ လုံးဝဆန့်ကျင်ဘက်ရှုထောင့်ကနေ ဆန်းသစ်ထားပါတယ်။ စစ်ပွဲရဲ့ရက်စက်မှုကြောင့် သားနှစ်ဦးအပါအဝင် ဆီစာရဲ့ မိသားစုတစ်စုလုံး အမေရိကန်စစ်တပ်ရဲ့လက်ထဲမှာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ပြင်ပလောကနဲ့စစ်သားတွေအတွက်တော့ ဆီစာဟာ ဖိနပ်မပါ၊ အဝတ်အစားအစုတ်အပြတ်နဲ့ မြို့ထဲမှာလျှောက်သွားနေတဲ့ စိတ်မနှံ့သူတစ်ဦးပါပဲ။ အမေရိကန်စစ်သားတွေက သူ့ကို အန္တရာယ်မရှိဘူးလို့ယူဆပြီး လစ်လျူရှုထားခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီစိတ်မနှံ့သူဆိုတဲ့မျက်နှာဖုံးအောက်မှာ ဆီစာဟာ မီးခဲလိုပူလောင်နေတဲ့နာကျည်းမှု၊ စူးရှထက်မြက်တဲ့အသိဉာဏ်နဲ့ လျှို့ဝှက်ကြံစည်နေသူပါ။ ဆီစာက ရူးဟန်ဆောင်ရင်း စခန်းအတွင်းထဲအထိ လွတ်လပ်စွာဝင်ထွက်ခွင့်ရအောင် အကွက်ဆင်ထားပြီး အမေရိကန်စစ်တပ်ရဲ့လျို့ဝှက်ချက်တွေ၊ စစ်ရေးလှုပ်ရှားမှုတွေကို တိတ်တဆိတ်သတင်းစုံစမ်းသူ သူလျှိုအဖြစ်ဆောင်ရွက်နေခဲ့တာပါ။ ဇာတ်လမ်းရ…