Timur (2025)

Timur

Genres: Drama · Thriller · Action · War · History

Timur (2025) ************** The Raid တို့၊ Mile 22 တို့လို အက်ရှင်ကားတွေမှာ ပါတဲ့ အင်ဒိုနီးရှား မင်းသား Iko Uwais ကို သိကြမှာပါ။ အခု Timur ကားက သူ့အတွက် အထူးခြားဆုံးကားလို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ပထမဆုံး ရိုက်ထားတဲ့ကား ဖြစ်သလို၊ သူကိုယ်တိုင်လည်း အဓိကဇာတ်ဆောင် အနေနဲ့ ပါဝင်ထားလို့ပါပဲ။ ဇာတ်လမ်းအကျဉ်း **************** ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာကြတဲ့ သူငယ်ချင်း သုံးယောက်ရှိတယ်။ သူတို့ကတော့ တီမော၊ ဆီလာ နဲ့ အာပိုလို တို့ပေါ့။ အရွယ်ရောက်လာတဲ့အခါမှာတော့ တီမော နဲ့ ဆီလာ က အင်ဒိုနီးရှား အထူးတပ်ဖွဲ့ဝင်တွေ ဖြစ်လာကြတယ်။ ဒါပေမဲ့ သူတို့သူငယ်ချင်း အာပိုလို ကတော့ လမ်းလွဲပြီး တောတွင်းလက်နက်ကိုင် သူပုန်အဖွဲ့ထဲကို ရောက်သွားခဲ့တယ်။ တစ်နေ့မှာတော့ တောထဲရောက်နေတဲ့ သုတေသနပညာရှင် တစ်စုကို လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲသွားတဲ့အခါ အထူးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ တီမော နဲ့ ဆီလာ တို့က သွားရောက်ကယ်တင်ရတဲ့ တာဝန်ကျလာပါတယ်။ ပြဿနာက ဒီစစ်ဆင်ရေးက သူတို့ငယ်ငယ်က ကြီးပြင်းခဲ့တဲ့ နေရာလေးမှာ သွားလုပ်ရတာဖြစ်သလို၊ တစ်ဖက်မှာလည်း သူငယ်ချင်းဟောင်း အာပိုလို နဲ့ ထိပ်တိုက်ပြန်တွေ့ရမယ့် အခြေအနေ ဖြစ်နေတာပါပဲ။ ဓားစာခံတွေကို ကယ်တင်ရင်းနဲ့ ငယ်သူငယ်ချင်းတွေကြားက သံယောဇဉ်တွေ၊ အားပြိုင်မှုတွေကို ရင်တမမနဲ့ ကြည့်ရမယ့် အက်ရှင်ကားမျိုးပေါ့။ ဒီကားမှာ Iko Uwais က တီမော အနေနဲ့ သရုပ်ဆောင်ထားပြီး၊ Jimmy Kobogau က ဆီလာ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ သူပုန် အာပိုလို နေရာမှာတော့ Aufa Assagaf က သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Yasamin Jasem နဲ့ Yusuf Mahardika တို့လို တခြား နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ ၁၉၉၆ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ Operation Mapenduma ဆိုတဲ့ ဓားစာခံ ပြန်ပေးဆွဲမ…

You May Also Like