Yumi's Cells (2026)

Yumi's Cells

Yumi's Cells S03 (2026) *********************** အပိုင်း (၁ မှ ၈) စ/ဆုံး အားလုံးစောင့်မျှော်နေကြတဲ့ Yumi’s Cells ကတော့ Season 3 အနေနဲ့ ပရိသတ်ကြီးဆီကို ပြန်လည်ရောက်ရှိလို့လာပါပြီ.. ဒီတစ်ခါမှာလည်း ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ယူမီအဖြစ် မမ Go Eun နဲ့အတူ .. The Tale of Lady Ok , King the Land ထဲက အားလုံးရဲ့ အသည်းစွဲမင်းသားလေး Kim Jae Won တို့က အဓိကပါဝင်ထားပြီး တခြားနာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ထားပါတယ် .. ဇာတ်လမ်းအညွှန်း *************** သာမန်ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ Kim Yu Mi ဟာ အခုအချိန်မှာတော့ စာဖတ်သူတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ ရိုမန့်စ်ဝတ္ထုစာရေးဆရာမအဖြစ် အောင်မြင်မှုတွေ ရရှိထားပေမဲ့လည်း ငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းရင်းနဲ့ သူမဘဝဟာ အဓိပ္ပါယ်ပျောက်ဆုံးလို့ နေပါတယ် ။ ဒီလိုမျိုး အဓိပ္ပါယ်မဲ့နေတဲ့ Yu Mi ရဲ့ ဘဝထဲကို မမျှော်လင့်ဘဲနဲ့ အသက် ၂၀ အရွယ် အယ်ဒီတာလေး Shin Sun Rok (Kim Jae Won)ရုတ်တရက် ဝင်ရောက်လာတဲ့အခါမှာတော့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ သူမရဲ့ အချစ်ဆဲလ်ရွာလေးက တစ်ဖန်ပြန်လည် အသက်ဝင်လာပါတော့တယ် ။ ဒီတစ်ခေါက် season မှာရော ဆဲလ်လေးတွေရဲ့ ထိန်းချုပ်လမ်းညွှန်မှုနဲ့ အတူ Yu Mi က အချစ်စစ်ကို ရှာဖွေတွေ့ရှိနိုင်သွားမလား …. မမနဲ့ မောင်လေးရဲ့ ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေးကရော လှလှပပနဲ့ အဆုံးသတ်သွားမလားဆိုတာကိုတော့ .. ချစ်စရာကောင်းတဲ့ animation ဆဲလ်လေးတွေနဲ့ ရောနှောပုံဖော်ထားတဲ့ ဒီဇာတ်ကားလေးထဲမှာ အတူရင်ခုန်စီးမျောလိုက်ကြပါဦးနော် .. Episodes: 8 Aired: Apr 13, 2026 - May 4, 2026 Aired On: Monday Original Network: TVING, tvN, Disney Genres: Comedy, Romance, Life, Drama

Seasons

  • Season 3 (8 Episodes)

You May Also Like