Advertisement
Viral Hit

Viral Hit

喧嘩独学

★ 8.8📅 2026👥 2 votes
DramaAction & Adventure

"Bullied. Broken. Viral."

Viral Hit (2026) ************************ အပိုင်းသစ် (1 မှ 6) စ/ဆုံး သိပ်မကြာခင်ကပဲ Netflix ကနေ Complete Series အနေနဲ့ ထွက်ရှိခဲ့တဲ့ webtoon based ဇာတ်လမ်းတွဲ စိန်လက်ဝါးနဲ့ တဖြောင်းဖြောင်းတီးသွားတဲ့ Teach You a Lesson ကို မှတ်မိကြဦးမှာပါ။ အခုတင်ဆက်ပေးမဲ့ စီးရီးကလည်း အဲဒီ webtoon နဲ့အပြိုင် နာမည်ကြီးတဲ့ Viral Hit ဆိုတဲ့ ကိုရီးယား webtoon ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ဒီ Viral Hit ကတော့ ၂၀၂၄ ခုနှစ်မှာ ဂျပန် Anime အဖြစ် Netflix ကနေပဲ ထုတ်လွှင့်ခဲ့ပြီး အောင်မြင်မှုတွေ သိမ်းပိုက်ပြီးတဲ့နောက်မှာ ယခု Japan Live action အနေနဲ့ ထပ်မံထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒီ Viral Hit (2026) စီးရီးလေးမှာတော့… ရှီမူရာခိုတာဆိုတဲ့ ကောင်လေးဟာ ကျောင်းမှာဆို လူတိုင်းရဲ့ အနိုင်ကျင့်ခြင်းကို ခံရတဲ့ အောက်ခြေလွှာက အပယ်ခံဘဝကနေ အစပျိုးထားပါတယ်။ သူ့ဘဝက ကျောင်းမှာတင် ငရဲကျနေတာမဟုတ်ဘဲ အိမ်မှာဆိုလည်း ဆင်းရဲမွဲတေမှုတွေကြားကနေ အမေဖြစ်သူက ဆေးရုံမှာ အသည်းအသန်ဖြစ်နေပြန်တော့ သူ့ဘဝကြီးက အဆိုးဆုံး အခြေအနေတွေကို ရင်ဆိုင်နေရတာပါ။ နေ့တိုင်း နေ့တိုင်း အနိုင်ကျင့်ခံရမှုတွေကို ခေါင်းငုံ့ပြီး သည်းခံနေခဲ့ရရှာတာပေါ့။ ဒါပေမဲ့... ဘဝဆိုတာ အမြဲတမ်း ကျရှုံးနေဖိုမှ မဟုတ်တာဆိုတဲ့အတိုင်း တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခု သူ့ဆီ ဝင်လာပါတော့တယ်။ သူ့ကို အနိုင်ကျင့်တဲ့ အတန်းဖော်နဲ့ ရန်ဖြစ်ရာကနေ အဲဒီရန်ပွဲကြီးက မတော်တဆ Live-stream အဖြစ် လွှင့်မိသွားပြီး တစ်ကမ္ဘာလုံးမှာ တိုက်ရိုက်လွှင့်ရန်ပွဲဟေ့ဆိုပြီး နာမည်ကြီးသွားတဲ့အခါ… အဲဒီအချိန်မှာမှ ရန်ပွဲကနေ ပိုက်ဆံရနိုင်တယ်ဆိုတာကို သိသွားတဲ့ ခိုတာတစ်ယောက်... "ပိုက်ဆံ အတူ ရှာကြမယ်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ ခါနဲဂွန်နဲ့ အာကိဆိုတဲ့ ကောင်မလေးနဲ့ ပူးပေါင်းပြီး Viral Hit ဆိုတဲ့ ချန်နယ်ထောင်လိုက်ပါတော့တယ်။ အမြဲ အနိုင်ကျင့်၊ အပယ်ခံဖြစ်နေခဲ့ရတဲ့ ကောင်လေးတစ်ယောက် ပိုက်ဆံအတွက် လူမိုက်တွေကို အလဲထိုးပြီး ဘယ်လိုတွေ လက်စားချေမလဲ... အမြဲ အထိုးအကြိတ်ခံ သူ့ရဲ့ ရန်ပွဲတွေကရော ဘယ်လောက်တောင် Viral ဖြစ်ပြီး ကြမ်းလာမလဲဆိုတာကို... အက်ရှင် အလန်းစားတွေ၊ ဟာသ အလွဲလေးတွေနဲ့အတူ တင်ဆက်ထားတာပါ။ အချိန်အကြာကြီးဆွဲမနေဘဲ အပိုင်း (၆) ပိုင်းတည်းနဲ့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ပြထားလို့ Zero to Hero ဇာတ်ကားတွေ သဘောကျတဲ့ပရိသတ်ကြီးအတွက် binge-watch စရာ ဇာတ်ကားကောင်းဖြစ်လာမှာပါ။ Aired: Jun 11, 2026 Aired On: Thursday Genres: Action, Youth Episodes: 6 Original Network: Netflix
Advertisement

Download Links

Season 16 Episodes
Advertisement