Advertisement
The Lie We Lived In

The Lie We Lived In

거짓말이 사는 집

★ 8.5📅 20260
DramaAction & Adventure

"A fatal romance blooming amid heart-stopping tension"

The Lie We Lived In (2026) ************************** အပိုင်းသစ် (1+2) BL ဇာတ်လမ်းချစ်သူများအတွက် ဒီတစ်ခေါက်မှာတော့ ပုံမှန်မြင်တွေ့နေကျ ဇာတ်လမ်းတွေနဲ့ မတူ တစ်မူထူးခြား ဆန်းသစ်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ....လုပ်ကြံသတ်ဖြတ်သူတစ်ယောက်နဲ့ စုံထောက်တစ်ယောက် အမှတ်မထင် တွေ့ဆုံပြီး ချစ်ကြိုးသွယ်သွားတဲ့ BL ရိုမန်တစ်-သည်းထိတ်ရင်ဖို ကိုရီးယားဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်.... ဇာတ်ညွှန်းအနေနဲ့ကတော့ ဆောအီဒိုဆိုတဲ့ ကြေးစားလူသတ်သမားဟာ ဟောဒုံဟွာဆိုတဲ့လူတစ်ယောက်ကို သတ်ဖို့ မစ်ရှင်တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာပဲ အထက်လူကြီးရဲ့ရုတ်တရက် အစီအစဉ်ပြောင်းလဲမှုကြောင့် ဟောဒုံဟွာကို မသတ်ဘဲ တခြားမစ်ရှင်တစ်ခုကို ပြောင်းလဲပေးအပ်ခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ ဟောဒုံဟွာရဲ့အိမ်ကို သူငယ်ချင်းဖြစ်သူ ချူထယ်ဂျောင်း ရောက်ရှိလာပြီး အခြေအနေတွေက ပိုမိုရှုပ်ထွေးလာခဲ့ပါတော့တယ်... ဒုံဟွာရဲ့အိမ်မှာ တခဏတာ လာနေတဲ့ ထယ်ဂျောင်းကို ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ အီဒိုတစ်ယောက် ခံစားချက်တွေတိုးလာခဲ့တဲ့အပြင် ထယ်ဂျောင်းဟာ စုံထောက်တစ်ယောက်ဖြစ်နေမှန်း သိလိုက်ရချိန်မှာတော့ အီဒိုတစ်ယောက် မစ်ရှင်ကို ပြီးဆုံးအောင် လုပ်နိုင်မလား.... ဦးနှောက်ထက် နှလုံးသားကို ရွေးချယ်မလား....ဘယ်လိုအခြေအနေတွေ ဖြစ်လာဦးမလဲဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမယ့် သစ်လွင်တဲ့ဇာတ်လမ်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ် Cast များအနေနဲ့ ဆောအီဒိုအဖြစ် Kim Seung Beom ဟောဒုံဟွာအဖြစ် Lee Jeong Ho ချူထယ်ဂျောင်းအဖြစ် Kim Gyeong Min တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Episodes: 8 Airs On: Thursday Duration: 25 min Genres: Thriller, Mystery, Romance, Drama Subtitle: Myanmar Subtitle (Hard Sub)
Advertisement

Download Links

Season 12 Episodes
Advertisement