Ted Lasso (2020)

Ted Lasso (2020) Season 01 Ted Lasso (2021) Season 02 Ted Lasso (2023) Season 03 Ted Lasso (2026) Season 04 အပိုင်းသစ် ( ၉ ) ~ IMDb - 8.8/10, Rotten Tomatoes - 90% ~ AFC Richmond ဆိုတဲ့အသင်းက ပရီးမီးယားလိဂ်မှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့ ဂကြောင်အသင်း။ ဖြစ်ချင်တော့ အသင်းပိုင်ရှင် လင်မယားက ကွာရှင်းသွားကြပြီး ရှယ်ယာပိုများများကိုင်ထားတဲ့ မယားဖြစ်သူက အသင်းပိုင်ရှင်ဖြစ်လာတယ်။ သူ့ရဲ့ ခင်ပွန်းဟောင်းကြီးချစ်တဲ့အသင်းကို ဒုက္ခရောက်အောင်လုပ်ပြီး စိတ်ကင်ဆာပေးချင်လို့ အရင်ကတည်းကရှိနေတဲ့ နည်းပြကို ဖြုတ်ပြီး ဘာမဆိုင်ညာမဆိုင် ကစားနည်းပါ မဆိုင်တဲ့ အမေရိကန်ဘောလုံးနည်းပြကို ခေါ်ခန့်လိုက်တယ်။ ဒီစီဆင်ရဲ့ အဓိက ဇာတ်ကတော့ ဒါပါပဲ။ Ted Lasso စီးရီးဟာ 2013 တုန်းက NBC Sports ချန်နယ်ကနေ သူတို့ရဲ့ Premier League သီးသန့်ချန်နယ်အသစ်အတွက် ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ လွှင့်ဖူးခဲ့တဲ့ " လန်ဒန်ရောက် အမေရိကန်နည်းပြတစ်ယောက် " ဆိုတဲ့ ကြော်ငြာအပိုင်းတိုလေးကို ဇာတ်ကောင်အသစ် ဇာတ်လမ်းတွေ ထပ်ပေါင်းထည့် အကျယ်ချဲ့ပြီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပြန်ရိုက်ခဲ့တဲ့ စီးရီးပါ။ Apple TV ရဲ့ ကြည့်ရှူသူအများဆုံး တီဗီရှိုးတစ်ခုအနေနဲ့ အတော်လေးကို ပေါက်ခဲ့ရုံတင်မကဘဲ အမ်မီဆုတွေ ရွှေကမ္ဘာလုံးဆုတွေနဲ့ တခြားဆုပေါင်းများစွာအပြင် IMDb ရဲ့ ထိပ်ဆုံးစီးရီးတစ်ရာစာရင်းထဲလည်း ဝင်ခဲ့ပါတယ်။ စီးရီးတစ်ခုလုံးက Fictional Premier League ကြီးပေါ် အခြေခံထားတာဖြစ်ပေမဲ့ ဘောလုံးပရိသတ်တွေအတွက်တော့ ရင်းနှီးပြီးသား အငွေ့အသက်တွေ အပြည့်နဲ့ပါပဲ။ Richmond ရဲ့ အိမ်ကွင်းဖြစ်တဲ့ Nelson Road ကွင်းကြီးဟာ Crystal Palace ရဲ့ Selhurst Park ကွင်းကြီးပေါ့။ Richmond ကန်တဲ့ ပွဲတိုင်းလိုလိုမှာပါနေကျ ဘောလုံးပွဲကြေညာတဲ့ ဘဲနှစ်ဗွေကလည်း တကယ့် အပြင်က Arlo White နဲ့ Chris Powell တို…
Seasons
- Specials (0 Episodes)
- Season 1 (0 Episodes)
- Season 2 (0 Episodes)
- Season 3 (0 Episodes)
- Season 4 (10 Episodes)