Advertisement
Kaeo Phitsadan

Kaeo Phitsadan

0📅 2026
DramaAction & Adventure
အံ့ဖွယ်ကျောက်မျက်ရှင် (၂၀၂၆) ========================== ကန်ချနာတိုင်းပြည်က ဘုရင်တစ်ပါးဟာ တိုင်းပြည်တစ်ခုကိုသိမ်းပိုက်စဥ် သားသမီးမထွန်းကားဘဲ တိုင်းပြည်ပျက်စီးသွားပါစေလို့ ကျိန်စာတိုက်ခံခဲ့ရပါတယ်....... အဲဒီအချိန်ကစပြီး ဘုရင်ဟာ ဘယ်လောက်ကြိုးစားပါစေ သားသမီးမထွန်းကားခဲ့ရှာပါဘူး။ ထီးနန်းဆက်ခံမဲ့ သားသမီးမရှိတဲ့ ဘုရင်ဟာ သိကြားမင်းရဲ့ ကရုဏာတော်ကို ရရှိခဲ့ပါတယ်။ သိကြားမင်းက လူ့အသွင်နဲ့ ပြောင်းလဲဆင်းသက်လာ​ပြီး မိဖုရားစူဝမ်ရတ်သနာကို အံ့ဖွယ်အစွမ်းရှိတဲ့ မှော်ကျောက်လုံးတစ်လုံး ပေးသနားခဲ့ပါတယ်။ မိဖုရားဟာ ကိုယ်ဝန်ဆောင်ခဲ့ပြီး ထူးဆန်းအံ့ဖွယ်ကျောက်ကလေးတစ်လုံးကို ဖွားမြင်ခဲ့ပါတယ်။ ဒါပေမဲ့ မိဖုရားဝိလာဝမ်ရဲ့ မနာလိုဝန်တိုမှုကြောင့် မိဖုရားစူဝမ်ရတ်သနာက မတရားစွပ်စွဲခံရပြီး နန်းတော်ကနေ နှင်ထုတ်ခံရကာ တောအုပ်အတွင်း ဆင်းရဲဒုက္ခများစွာနဲ့ နေထိုင်ရပါတော့တယ်။ အထီးကျန်ဆန်တဲ့ဘဝမှာ မွေးဖွားလာတဲ့ မင်းသားငယ်ဟာ အံ့ဖွယ်ကျောက်လုံးထဲမှာ ပုန်းအောင်းနေထိုင်ရင်း ကြီးပြင်းလာခဲ့ပါတယ်။ မင်းသား အရွယ်ရောက်လာတဲ့အခါ တိုင်းပြည်ကို ကယ်တင်ဖို့အတွက် ဘယ်လို စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရမလဲ...... ဆန်းကြယ်ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုပေါ်ပေါက်လာမလဲဆိုတာ... ဒီဇာတ်ကားလေးကို စနေ တနင်္ဂနွေ နေ့တိုင်း စောင့်မျှော်ကြည့်ရှုလိုရပါပြီရှင်။
Advertisement

Download Links

Season 14 Episodes
⌄
Advertisement