Between Steps (2026)

Between Steps

Between Steps (2026) ********************* အပိုင်းသစ် (၁၀) စိတ်ဓာတ်ကျနေသူတွေ၊ ဘဝမှာ လမ်းပျောက်နေသူတွေအတွက် ခွန်အားနဲ့ အနွေးဓာတ် အပြည့်အဝပေးနိုင်မယ့် ဇာတ်အိမ်မျိုးနဲ့ ဖန်တီးထားတဲ့ Healing Romance လူငယ်အချစ်ဇာတ်လမ်းလေး ထွက်ရှိလာပါပြီ .. ဒီဇာတ်ကားထဲမှာတော့ K drama ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီးလေး Kim So Hyun နဲ့ "The Trauma Code: Heroes on Call" ဇာတ်ကားမှ မင်းသားချော Choo Young Woo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ **************** ဘတ်မင်ဂျယ်(Choo Young Woo)ဟာ ငယ်စဉ်က အလားအလာရှိတဲ့ ရေကူးကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ ကြုံခဲ့ရတဲ့ရောဂါတစ်ခုကြောင့် ခြေထောက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ ဘဝလမ်းကြောင်းသစ်ကို ပြောင်းလဲရှာဖွေပြီး စက်ရုပ်တီထွင်အသုံးချမှုပညာရပ်ကို သင်ယူလေ့လာတဲ့ Ph.D ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အင်ယူဂျင်း(Kim So Hyun)ကတော့ အဝတ်အထည်နဲ့ အထည်အလိပ်ပညာရပ်ကို သင်ယူလေ့လာရင်း ဘဝခရီးမှာ လမ်းပျောက်နေတဲ့လူငယ်တစ်ဦးပါ ။ အဲဒီအချိန်မှာပဲ အမှတ်မထင်ဖြစ်ရပ်တစ်ခုကြောင့် ဌာနရဲ့‌‌ပြဿနာအိုးလို့ နာမည်တပ်ခံရပြီး ဘွဲ့လွန်သင်တန်း တက်ရောက်မယ့်လမ်းကြောင်း ပိတ်ဆို့သွားခဲ့ပါတယ်။ သူမဟာ အဲဒီလိုအကျပ်အတည်းနဲ့ စိတ်ဓာတ်ကျနေချိန်မှာ ဘတ်မင်ဂျယ်နဲ့ဆုံတွေ့ပြီး စက်ရုပ်တီထွင်အသုံးချမှုပညာရပ်ဆိုတဲ့ နယ်ပယ်အသစ်ထဲကို ခြေချမိသွားပါတော့တယ်။ ဘဝမှာ ဒဏ်ရာကိုယ်စီရ,ထားကြတဲ့ သူတို့နှစ်ယောက် ဘယ်လိုတွေ အချင်းချင်း ခွန်အားပေးရင်း အချစ်ဇာတ်လမ်းလေး ဖန်တီးသွားကြမလဲဆိုတာကိုတော့ အပတ်စဉ် စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော် .. Episodes: 12 Aired: Oct 5, 2026 - Nov 10, 2026 Aired On: Monday, Tuesday Original Network: ENA, Genie TV, Disney Genres: Romance, Life, Youth, Drama

Seasons

  • Season 1 (12 Episodes)

You May Also Like