Advertisement
A Dog and a Plane

A Dog and a Plane

หมาเห่าเครื่องบิน

0📅 20260
DramaComedy
"အလွဲလေးတွေကနေ အချစ်တွေဖြစ်လာတဲ့အခါ..." TayNew CP ကို မျှော်နေသူတွေအတွက် ခွီလည်းခွီ ရယ်လည်းရယ်ရမဲ့ BL ကားသစ်ထွက်လာပါပြီ။ ဇာတ်လမ်းကတော့ ခနစ်ဆိုတဲ့ လေယာဉ်မောင်လေးနဲ့ တိုတိုဆိုတဲ့ လူနာတင်ယာဉ်မောင်း (EMT) ကောင်လေးတို့ကြားက ကမောက်ကမ အလွဲအချော်တွေကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ ခနစ်နဲ့ EMT အဖွဲ့တွေ ပြဿနာတက်ရာကနေ ခနစ်ရဲ့ ဈေးကြီးတဲ့ ပစ္စည်းတွေပါတဲ့အိတ်နဲ့ တိုတိုရဲ့အိတ်တို့ မှားပါသွားရာကနေ ဇာတ်လမ်းစပါတော့တယ်။ တိုတိုတို့ သူငယ်ချင်း ၃ ယောက်က အဲဒီပစ္စည်းတွေကို ယူသုံးပြီး ဖျက်ဆီးပစ်လိုက်မိတဲ့အခါ...ခနစ်က လျော်ခိုင်းပေမဲ့ တိုတိုခမျာ ပိုက်ဆံမရှိရှာပါဘူး။ ဒါကြောင့် အလုပ်နဲ့ဆပ်မယ်ဆိုပြီး သဘောတူလိုက်ရပါတယ်။ ခနစ်က သူ့ရဲ့ လေယာဉ်မှူးချစ်သူ ဖောက်ပြန်နေသလားဆိုတာကို စုံစမ်းခိုင်းဖို့ တိုတိုကို တာဝန်ပေးလိုက်ပါတယ်။ ဒါပေမဲ့ တိုတိုက အမှန်တရားကို သိသွားတဲ့အချိန်မှာ... ဟိုလေယာဉ်မှူးက နှုတ်ပိတ်ခပေးပြီး လာဘ်ထိုးတာကို လက်ခံလိုက်ပါရော။ ဒီလို လိမ်ညာမှုကြီးတစ်ခုနဲ့ အစပြုခဲ့ပေမဲ့ ခနစ်နဲ့ တိုတိုတို့နှစ်ယောက် အတူတူ အချိန်ဖြတ်သန်းရင်း သံယောဇဉ်တွေ တွယ်လာတဲ့အခါ… တိုတိုတစ်ယောက် သူ့ရဲ့ လိမ်ညာမှုအတွက် ဘယ်လိုတွေ နောင်တရမလဲ။ လေယာဉ်မောင်လေး ခနစ်ကရော အမှန်တရားကို သိသွားတဲ့အခါ ဘယ်လို တုံပြန်မလဲ။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကရော ဘယ်လို အဆုံးသတ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ရှုစားရမှာပါ။
Advertisement

Download Links

Season 12 Episodes
Advertisement