Until We Meet Again (2026)

Genres: Drama
Until We Meet Again (2026) IMDB - 7.0/10 ၂၀၀၈ ခုနှစ်က အော်စကာဆုပါ ရရှိခဲ့တဲ့ Departures ဆိုတဲ့ ဂျပန်ကားလေးကို ကြည့်ဖူးကြလားမသိဘူး။ သူက ဂျပန်ရိုးရာ ဈာပနတို့ နာရေးတို့ ပြင်ဆင်ပေးတဲ့သူတစ်ယောက်ရဲ့ နိစ္စဓူဝကို ရိုးရိုးရှင်းရှင်းနဲ့ အနုပညာမြောက်မြောက် ဖော်ကျူးထားတဲ့ဇာတ်ကားကောင်းတစ်ကားပေါ့။ နောက်ပြီးတော့ ၂၀၀၅ ခုနှစ်တုန်းကလည်း ဟောလိဝုဒ်ကနေ သရဲဝိဉာဉ်တွေကို မြင်တွေ့နိုင်တဲ့အစွမ်းရှိတဲ့ကောင်မလေးတစ်ယောက်က သူတို့အခက်အခဲတွေကို ကူညီဖြေရှင်းပေးပြီး တမလွန်ဘဝကူးနိုင်အောင် ကူညီပေးတဲ့ Season 5 ထိရှိခဲ့တဲ့ နာမည်ကြီး စီးရီးလေး Ghost Whisperer ဆိုတာလည်း ရှိပြန်တယ်။ ပြောချင်တာကတော့ ကျွန်တော့်အမြင်အရမှာတော့ ဒီဂျပန်ကားလေးက အဲဒီဇာတ်လမ်းဇာတ်အိမ် ၂ ခုကို ပေါင်းစပ်ထားသလိုဖြစ်ပြီး သူ့နည်းသူ့ဟန် သူ့လမ်းကြောင်းနဲ့သူ ရိုက်ထားတဲ့ ဒရမ်မာဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်လို့။ ဒါဟာ နာမည်ကျော် စာရေးဆရာမ Yoko Nagatsuki ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားပြီး၊ ၂၀၂၆ ခုနှစ်အတွင်း ဂျပန်ရုပ်ရှင်လောကမှာ မျက်ရည်အကျစေဆုံးနဲ့ ရင်ထဲကို အနွေးဓာတ်အပေးနိုင်ဆုံး လူမှုဘဝနှင့် သံယောဇဉ် ဒရာမာ ရုပ်ရှင်ကားကြီးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေပြောရမယ်ဆို မီဆိုရာဆိုတဲကောင်မလေးက သေဆုံးပြီး မကျွတ်မလွတ်ဖြစ်နေသေးတဲ့သူတွေကို တစ်ခါတလေမှာ မြင်တွေ့ရတတ်ပြီး ကူညီပေးတတ်သူတစ်ယောက်။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း အလုပ်မရသေးလို့ အလုပ်ပေါင်းစုံလျှောက်ပြီး ရုန်းကန်နေရသူလေး။ တစ်နေ့မှာတော့ သေဆုံးသူအမျိုးသမီးတစ်ယောက်ကို ကူညီမိရာကနေ နာရေး ဈာပနအခမ်းအနား စီစဉ်ပေးသူ အုရုရှိဘာရာဆိုတဲ့ ယောက်ျားတစ်ဦးနဲ့ ဆုံစည်းခဲ့ရပါတယ်။ အုရုရှိဘာရာက မီဆိုရာဟာ သေဆုံးသူတွေကို မြင်တွေ့နိုင်တဲ့စွမ်းရည်ရှိတာကို ယုံကြည်ပြီး ဒီစွမ်းရည်ကို အသုံးချပြီး ကွယ်လွန်သူတွေနဲ့ နာရေးရှင်တွေကို ကူညီဖ…