Queen at Sea (2026)

Queen at Sea

Genres: Drama

Queen at Sea (2026) “ကိုယ်ချစ်ရတဲ့သူတစ်ယောက်အတွက် အကောင်းဆုံးဆိုတာက သူ့ကိုယ်စား ဆုံးဖြတ်ပေးတာလား၊ သူ့ရဲ့ဆန္ဒကို လေးစားပေးတာလား...” မိသားစုတစ်ခုရဲ့ အချစ်နဲ့ သံယောဇဉ်တွေကြားမှာ တစ်ခါတလေ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဆုံးဖြတ်ဖို မလွယ်ကူတဲ့ အခြေအနေတွေ ရှိလာတတ်ပါတယ် "အမန်ဒါ" ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကတော့ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်းတွေ တဖြည်းဖြည်းပျောက်ဆုံးလာတဲ့ သူ့အမေ "လက်သလီ" နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေရပြီး လက်စလီကို ပြုစုစောင့်ရှောက်ပေးနေတာကတော့ အမန်ဒါရဲ့ ပထွေး " မာတင် " ပဲ ဖြစ်ပါတယ် ဒါပေမဲ့ မာတင် နဲ့ လက်စလီတိုရဲ့ အိမ်ထောင်ရေးဘဝအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတချိုကို အမန်ဒါ သိရှိလာတဲ့အခါ အ​မေကို ကာကွယ်ပေးဖို ကြိုးစားပါတော့တယ် ဒီလိုနဲ့ မိသားစုအတွင်းက ပြဿနာတစ်ခုဟာ ဥပဒေ၊ လူ့ကျင့်ဝတ်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုင်ရာ အငြင်းပွားမှုကြီးတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ် တစ်ဖက်မှာ အ​မေကို အန္တရာယ်ကင်းစေချင်တဲ့ သမီးတစ်ယောက်ရဲ့ စိတ်ဆန္ဒ၊ တစ်ဖက်မှာတော့ ကိုယ်ချစ်ရတဲ့ဇနီးကို ဆက်လက်ပြုစုစောင့်ရှောက်လိုတဲ့ ​ယောကျာ်းတစ်ယောက်ရဲ့ ခံယူချက်ကြားမှာ.... မှတ်ဉာဏ်ပျောက်ဆုံးလာတဲ့ လူတစ်ယောက်ရဲ့ ဘဝကို ဘယ်သူက ဆုံးဖြတ်ပိုင်ခွင့်ရှိမလဲ သူ့အတွက် အကောင်းဆုံးဆိုတာကို ဘယ်သူက သိနိုင်မလဲ ဒီလိုအဖြေရှာရခက်တဲ့ မေးခွန်းတွေကို ဇာတ်လမ်းတစ်လျှောက် စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ File Size : 1.2 GB/ 2.7 GB Quality : WEB-DL 1080p/ 720p Format : mp4,mkv Duration : 2hr 1m Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub)

You May Also Like