Lost, Found (2018)

Lost, Found

Genres: Drama · Thriller

မိခင်တစ်ယောက်အတွက် သားသမီးဆိုတာ ဘဝရဲ့အရေးအကြီးဆုံးအရာတစ်ခုဖြစ်သလို သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုရင် ဘယ်လောက်အထိ စွန့်လွှတ်အနစ်နာခံနိုင်ကြမလဲ… တစ်ယောက်က အရာရာပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားပေမဲ့ မိသားစုအခက်အခဲတွေကြားမှာ သမီးလေးရဲ့ အုပ်ထိန်းခွင့်အတွက် တိုက်ပွဲဝင်နေရသူ… နောက်တစ်ယောက်ကတော့ ဘဝရဲ့ဒဏ်ရာတွေနဲ့ ဖိအားတွေကြားမှာ သမီးလေးအတွက် မျှော်လင့်ချက်တစ်ခုတည်းကို ဆုပ်ကိုင်ထားရသူ…ဘဝအခြေအနေချင်း မတူညီကြတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ကံကြမ္မာဟာ ကလေးတစ်ယောက် ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုဆက်စပ်သွားကြမလဲ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေနဲ့အတူ မိခင်တစ်ယောက်ရဲ့မေတ္တာ၊ ရွေးချယ်မှုနဲ့ လူ့ဘဝရဲ့ လောကဓံတွေကို ပုံဖော်ထားတဲ့ ၂၀၁၈ ခုနှစ်ထွက် ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ Yao Chen နဲ့ Ma Yili တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး၂၀၁၆ ခုနှစ်ထွက် Missing ဆိုတဲ့ တောင်ကိုရီးယားသည်းထိတ်ရင်ဖိုဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ကွာရှင်းဖို့ပြင်ဆင်နေတဲ့ ရှေ့နေ လီကျယ်ဟာ သမီးလေးကို ပြုစုစောင့်ရှောက်ဖို့ အိမ်အကူ စွန်းဖန်းကို ငှားရမ်းထားပါတယ်…ဒါပေမဲ့ တစ်နေ့မှာတော့ စွန်းဖန်းနဲ့ သမီးလေးတို့ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာကြောင့် လီကျယ်တစ်ယောက် အပူတပြင်းလိုက်လံရှာဖွေရပါတော့တယ်…ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်ရင်း စွန်းဖန်းရဲ့ ဘဝနောက်ကြောင်းနဲ့ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ လူမှုဘဝအခြေအနေတွေကိုပါ တဖြည်းဖြည်း သိရှိလာရတဲ့အခါ… ဇာတ်လမ်းတစ်လျှောက်မှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာထက် လူတစ်ယောက်ရဲ့ လုပ်ရပ်နောက်ကွယ်မှာ ဘယ်လိုနာကျင်မှုတွေ ရှိနေနိုင်လဲဆိုတာကိုပါ စဉ်းစားမိစေတဲ့ မိခင်နှစ်ယောက်ရဲ့ ခံစားချက်နဲ့ ရွေးချယ်မှုတွေအပြင် မိခင်မေတ္တာတရားရဲ့ နက်ရှိုင်းမှုကို ပိုမိုခံစားမိရင်း ရ…

You May Also Like