A Beautiful Day (2026)

Un Bel Giorno aka A Beautiful Day (2026) ("လှပတဲ့ နေ့ရက်တစ်ရက်") ************************************************************** ဒီကားဟာ ၂၀၂၆ ခုနှစ် မတ်လပိုင်းကမှ အီတလီနိုင်ငံမှာ ရုံတင်ပြသခဲ့တဲ့ အီတလီ အချစ်ဟာသ (Romantic Comedy) ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ အီတလီရဲ့ နာမည်ကြီး ဟာသသရုပ်ဆောင် Fabio De Luigi ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး မင်းသမီးချော Virginia Raffaele နဲ့အတူ အဓိကပါဝင် သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က ရောမမြို့မှာနေထိုင်တဲ့ တွမ်မာဆို (Tommaso) ဆိုတဲ့ အဘိုးကြီးပါ။ သူက ဇနီးသည်ဆုံးပါးသွားပြီးကတည်းက သမီးလေးယောက်လုံးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရင်း ဘဝတစ်ခုလုံးကို သမီးတွေအတွက်ပဲ ပေးဆပ်ခဲ့တဲ့ မုဆိုးဖိုဖခင်ကြီးတစ်ဦးပေါ့။ တစ်နေ့တော့ သမီးဖြစ်သူတွေက ဖခင်ဖြစ်သူရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အဖေကြီးကို အချစ်သစ်ရှာပြီး ဘဝကို အသစ်ကပြန်စဖို့ တိုက်တွန်းကြပါတော့တယ်။ ဒီလိုနဲ့ တွမ်မာဆိုတစ်ယောက် လာရာ (Lara) ဆိုတဲ့ ထက်မြက်ပြီး တက်ကြွတဲ့ အမျိုးသမီးတစ်ယောက်နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ပြီး သဘောကျမိသွားပါတယ်။ ဒါပေမဲ့ သူက ကိုယ့်မှာ သမီးလေးယောက်ကြီးတောင် ရှိနေတယ်ဆိုတဲ့ မိသားစုအခြေအနေကို လာရာ့ကို အသိမပေးဘဲ လျှို့ဝှက်ထားခဲ့ပါတယ်။ တကယ်တော့ လာရာကလည်း သာမန်အပျို မဟုတ်ပါဘူး။ သူကလည်း ဆယ်ကျော်သက်အရွယ် ကလေးသုံးယောက်ကို တစ်ယောက်တည်း ကျွေးမွေးစောင့်ရှောက်နေရတဲ့ single mother (မုဆိုးမ) တစ်ယောက် ဖြစ်နေတာပါ။ ပိုပြီး ဆန်းတာက လာရာကလည်း သူ့မှာ ကလေးသုံးယောက်ရှိတာကို တွမ်မာဆိုကို ပြန်မပြောဘဲ ဖုံးကွယ်ထားခဲ့ပြန်တယ်။ နှစ်ယောက်လုံးက ကိုယ့်ရဲ့ မိသားစုအခြေအနေအစစ်အမှန်တွေကို အသီးသီး လျှို့ဝှက်ထားကြတဲ့အတွက် သူတို့နှစ်ယောက်တွဲကြတဲ့အခါ၊ ပြီးတော့ သူတို့ရဲ့ဘဝတွေ ထပ်တူကျလာတဲ့အခါမှာ…