Crazy Kalyanam (2026)

Crazy Kalyanam (2026) ဗရုတ်သုတ်ခ မင်္ဂလာပွဲ တီလန်ဂါနာ ကျေးလက်ဒေသလေးတစ်ခုမှာ ရိုးသားဖြောင့်မတ်ပြီး ရွာသားတွေ လေးစားရတဲ့ လူတစ်ယောက်ရှိတယ်။ သူ့နာမည်က ပါဗာသာလူတဲ့။ သမီးကြီးယူထားတဲ့ သားမက် ဘာလာရာဂျူးက အလုပ်လည်းမလုပ်ဘဲ အရက်ပဲသောက် နေတော့ နေ့တိုင်း စိတ်ညစ်နေရတာပေါ့။ ဒါကြောင့် သမီးငယ်လေး ကီရ်သီ ကိုတော့ သားမက်ကြီးလိုမျိုး မဟုတ်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး ပြည့်စုံကောင်းမွန်တဲ့ မိသားစုထဲကိုပဲ ထည့်ပေးချင်နေပါတယ်။ကီရ်သီကလည်း MSc ဘွဲ့ရထားပြီး အစိုးရအလုပ်ရဖို့ ကြိုးစားနေတဲ့ တော်တဲ့ကောင်မလေးပါ။ ဒါပေမဲ့ အဖေဖြစ်စေချင်တာနဲ့ တစ်ခြားစီပဲ သူက ငယ်သူငယ်ချင်း ရက်ကန်းသမားလေး အူဒေး နဲ့ချစ်ကြိုက်နေကြတယ်။ အဲဒီလိုအချိန်မှာ အဖေက ကီရ်သီ့သဘောတူညီချက်လည်းမပါဘဲ နိုင်ငံခြားပြန်သတို့သား ချမ်းသာတဲ့သူတစ်ယောက်နဲ့ မင်္ဂလာပွဲ စီစဉ်လိုက်တဲ့အခါ မိသားစုထဲမှာ အရှုပ်အထွေးတွေ၊ ဟာသအလွဲတွေ ဆက်တိုက်ဖြစ်လာတော့တာပေါ့။ အဖေစီစဉ်ပေးတဲ့ မင်္ဂလာပွဲကို ကီရ်သီတစ်ယောက် ဘယ်လိုရှောင်ထွက်မလဲ၊ ကိုယ်ချစ်တဲ့သူနဲ့ ညားအောင် ဘယ်လိုကြိုးစား မလဲဆိုတာကို ရယ်စရာဟာသတွေ မိသားစုသံယောဇဉ် စိတ်ခံစားချက်တွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… 2.55 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub)