Prem Keetanu (2026)

Prem Keetanu (2026) အချစ်ဗိုင်းရပ်စ် ဒီဇာတ်ကားဟာ ၂၀၂၄ ခုနှစ်က အောင်မြင်ခဲ့တဲ့ နာမည်ကြီး မလေးယာလမ်အချစ်ဟာသဇာတ်ကား Premalu ကို ဟင်ဒီဗားရှင်းအဖြစ်နဲ့ ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘဝကို ဖြတ်သန်းတတ်တဲ့ အင်ဂျင်နီယာကျောင်းသားလေး ဗီရှယ်နဲ့ စာတော်ပြီး ရည်မှန်းချက်ကြီးတဲ့ ဆူဟာနီ တို့ဟာ ကောလိပ်စတက်တဲ့ ပထမဆုံးနေ့မှာပဲ ပြဿနာတက် ရန်ဖြစ်ခဲ့ ကြပါတယ်။ အဲဒီနောက်မှာတော့ ဆူဟာနီ ဟာ ဒေလီမြို့က နာမည်ကြီးကောလိပ်တစ်ခုကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ လေးနှစ်ကြာပြီးနောက် ဆူဟာနီ ကစာတော်သူပီပီ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ကောင်းကောင်း ရသွားခဲ့ပေမဲ့ အမှတ်မကောင်းလို့ အလုပ်မရတဲ့ ဗီရှယ် ကတော့ အမေရိကန်ကို သွားပြီး ကျောင်းဆက်တက်ဖို့ စာမေးပွဲတွေ ဖြေဆိုပြင်ဆင်ရင်း ဒေလီမြို့ကို ရောက်လာခဲ့တာပေါ့။ ဒေလီမြို့မှာ ဆူဟာနီ နဲ့ မထင်မှတ်ဘဲ ပြန်ဆုံမိကြရင်း ရင်းနှီးလာကာ ဗီရှယ်တစ်ယောက် ဆူဟာနီ ကို တစ်ဖက်သတ် ချစ်မိသွားပါ တော့တယ်။ဒါပေမဲ့ ဆူဟာနီ ရဲ့ ရုံးက သူဌေးဖြစ်သူ ခန့်ညားပြီး အရာရာပြည့်စုံတဲ့ ရန်ဂျစ် ကလည်း ဆူဟာနီ ကို လိုက်လံပိုးပန်းနေတဲ့အခါ… ဘဝမှာ အောင်မြင်မှုမရှိသေးတဲ့ ဗီရှယ် တစ်ယောက် သူဌေး ရန်ဂျစ်နဲ့ အပြိုင် ဆူဟာနီ ရဲ့ အချစ်ကို ဘယ်လိုကြိုးစား ရယူသွားမလဲ၊ သူ့ရဲ့ နိုင်ငံခြားသွားမယ့် အိပ်မက်နဲ့ အချစ်ရေးကြားမှာ ဘယ်လိုအလွဲလေးတွေ ဖြစ်ကြမလဲဆိုတာကို လူငယ်ဆန်ဆန် ဟာသနှောပြီး ကြည့်ရှုခံစားရမှာပါ။ File size… 2 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 22m Subtitle….Myanmar Subtitle (Hard Sub)