Falling (2026)

Falling

Genres: Drama · Comedy · Romance

Falling [2026] အချစ်ရေးမှာ ရေရှည်ခိုင်မြဲတဲ့ဆက်ဆံရေးတွေကို ကြောက်ရွံ့ပြီး အမြဲရှောင်ထွက်သွား‌‌လေ့ရှိတဲ့ရှေ့နေကောင်လေးဂျက်ခ်တစ်ယောက် ဂျီလီယန်ဆိုတဲ့ ပေါ့ပါ့ပါးပါးနဲ့အမှီအခိုကင်းကင်းနေတတ်တဲ့မိန်းကလေးနဲ့ ဆုံတွေ့လိုက်ရချိန်မှာတော့ သူ့နှလုံးသားတံခါးကို ရဲရဲဝံ့ဝံ့ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အမြဲတမ်းပေါ့ပျက်ပျက်နေတတ်တဲ့ဂျက်ခ်တစ်ယောက် ဂျီလီယန်နဲ့တွဲကြည့်လိုက်တဲ့အခါ စစ်မှန်တဲ့အချစ်ကို ရှာတွေ့သွားပြီလို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ဂျက်ခ်မသိခဲ့တာတစ်ခုကတော့ သူ့အချစ်ဆုံးသူငယ်ချင်းဂျော်နီကလည်း ဂျီလီယန်ကို တိတ်တခိုးချစ်မြတ်နိုးနေခဲ့တယ်ဆိုတဲ့အမှန်တရားပါပဲ။ ဂျက်ခ်နဲ့ဂျီလီယန်တို့ အတည်တွဲနေကြပြီလို့ အားလုံးကသိထားကြပေမယ့်လည်း ဂျီလီယန်အပေါ်ထားတဲ့ ဂျော်နီရဲ့ခံစားချက်တွေက ပျောက်ကွယ်မသွားခဲ့သလို ဂျီလီယန်ကလည်း ဂျက်ခ်နဲ့ဂျော်နီတို့နှစ်ယောက်လုံးကို ချစ်မိသွားတဲ့အခါ သူတို့သုံးယောက်ကြားမှာ မသိမသာနဲ့ရှုပ်ထွေးလွန်းတဲ့ သုံးပွင့်ဆိုင်အချစ်ပဋိပက္ခကြီးဖြစ်ပေါ်လာပါတော့တယ်။ ဂျက်ခ်နောက်ကွယ်က ဂျီလီယန်နဲ့ဂျော်နီရဲ့အချစ်ရေးက အစပိုင်းမှာ ချောမောပြေပြစ်နေခဲ့ပေမယ့် အမှန်တရားတွေ ပေါ်ပေါက်လာချိန်မှာတော့ သူငယ်ချင်းသံယောဇဉ်နဲ့အချစ်ရေးကြားက ရွေးချယ်ရခက်တဲ့ဒဏ်ရာတွေ၊ သစ္စာဖောက်ခံလိုက်ရသလို ခံစားချက်တွေနဲ့အတူ အနီးကပ်ဆုံးလူသုံးယောက်ရဲ့ဆက်ဆံရေးက လှုပ်ခတ်သွားခဲ့ရပါတယ်။ ရိုးရိုးရှင်းရှင်းအချစ်ကားပုံစံတင်မဟုတ်ဘဲ လူငယ်တွေကြားက သံယောဇဉ်၊ လွတ်လပ်မှုနဲ့ စစ်မှန်တဲ့ချစ်ခြင်းတရားအကြောင်း ပုံဖော်ထားတဲ့ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File Size… (1.736B) / (996MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 47m Genre …Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub)

You May Also Like