Love O2O (2016)

Genres: Drama · Comedy · Romance
အွန်လိုင်းဂိမ်းထဲမှာ စတင်တွေ့ဆုံခဲ့တဲ့ လူနှစ်ယောက်ဟာ အပြင်လောကမှာလည်း တစ်ယောက်ရဲ့စိတ်နှလုံးကို တစ်ယောက်က သိမ်းပိုက်သွားနိုင်မလား။ အွန်လိုင်းကမ္ဘာနဲ့ လက်တွေ့ဘဝကြားက ချစ်ခြင်းတရားကို ပေါ့ပါးချိုမြိန်စွာ ပုံဖော်ထားတဲ့ Romance Drama ဇာတ်ကားလေးကတော့ Love O2O ပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Gu Man ရဲ့ နာမည်ကျော်ဝတ္ထုကို အခြေခံရိုက်ကူး ထားတာဖြစ်ပြီး Angelababy က ကွန်ပျူတာသိပ္ပံဘာသာရပ်မှာ ထူးချွန်တဲ့ ကျောင်းသူ Bei Weiwei အဖြစ် ပါဝင်ထားပါတယ်။ Jing Boran ကတော့ တက္ကသိုလ်ရဲ့ လူကြိုက်အများဆုံးကျောင်းသား၊ ဂိမ်းကျွမ်းကျင်သူ Xiao Nai အဖြစ် သရုပ်ဆောင်ထားပါတယ်။ တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံဘာသာရပ်ကို သင်ယူနေတဲ့ Bei Weiwei ဟာ စာတော်ရုံသာမက အွန်လိုင်းဂိမ်းမှာလည်း ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ဂိမ်းထဲမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ တိုက်ပွဲဝင်တတ်ပေမယ့် အပြင်လောကမှာတော့ အလှအပနဲ့ လူမှုရေးထက် ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ်ဝါသနာကို ပိုအာရုံစိုက်နေသူပါ။ တစ်နေ့မှာ သူမရဲ့ အွန်လိုင်းခင်ပွန်းဖြစ်သူက သူမရဲ့ပုံကို မမြင်ဖူးတာနဲ့ သူမဟာ ယောက်ျားလေးအကောင့်တစ်ခုကို အသုံးပြုနေသူလို့ ထင်မှားသွားပါတယ်။ အဲဒီနောက် Weiwei ကို အကြောင်းပြချက်မရှိဘဲ စွန့်ပစ်ပြီး တခြားမိန်းကလေးတစ်ယောက်နဲ့ ဂိမ်းထဲမှာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ဂိမ်းကမ္ဘာရဲ့ နံပါတ်တစ်ကစားသမား “A Smile Is Very Charming” ဆိုတဲ့ အမည်နဲ့ နာမည်ကြီးနေသူ ပေါ်လာပါတယ်။ အဲဒီကစားသမားဟာ တက္ကသိုလ်မှာလည်း ထူးချွန်ပြီး လူတိုင်းလေးစားရတဲ့ ကျောင်းသား Xiao Nai ဖြစ်နေပါတယ်။ ဂိမ်းထဲမှာ Weiwei ရဲ့ အရည်အချင်းကို သတိထားမိသွားတဲ့ Xiao Nai ဟာ သူမရဲ့ ရုပ်ရည်ထက် ပိုပြီး သူမရဲ့ စဉ်းစားပုံ၊ ကစားပုံနဲ့ ထူးခြားတဲ့ အရည်အချင်းကို စိတ်ဝင်စားသွားပါတယ်။Weiwei ရဲ့ အွန်လ…