To Kill a Mockingbird (1962)

Genres: Drama
To Kill a Mockingbird ဟာ စာရေးဆရာမ Harper Lee ရဲ့ 1960 ဝန်းကျင် လူ့အခွင့်အရေးလှုပ်ရှားမှုများကြားထဲမှာ ထုတ်ဝေခဲ့ပြီး၊ နှစ်ပေါင်းများစွာ အညွှန်းအများဆုံး၊ စာဖတ်သူ အများဆုံးဖြစ်ခဲ့တဲ့ စာအုပ်တအုပ်ပါ။ စာအုပ်စာပေတွေ ရုပ်ရှင်တွေနဲ့ ရင်းနှီးတဲ့ လူတယောက် ဆိုရင် ဒီစာအုပ် ဒီရုပ်ရှင်ကို တချိန်ချိန် တနေနေရာမှာ တယောက်ယောက် ပြောတာဖြစ်ဖြစ်၊ ညွှန်းတာဖြစ်ဖြစ်ကိုကြားဖူးကြမှာပါ။ ဒီမူရင်းစာအုပ်ကို စတင်ထုတ်ဝေတုန်းက၉၅ ပတ်ကြာမျှ အရောင်းရဆုံးမှတ်တိုင် ထူခဲ့သည့်အပြင် ၁၉၈၂ ခုနှစ်ထိ အုပ်ရေ ၁၅ သန်း ရိုက်နှိပ်ခဲ့ရပြီး ဘာသာပေါင်းများစွာ ပြန်ဆိုခဲ့ရသည့်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ကမ္ဘာပေါ်က အဖတ်သင့်ဆုံး ဂန္တဝင် စာအုပ် အုပ် ၁၀၀ ထဲကိုလည်း ပါခဲ့ပြီး စာရေးဆရာမကလည်း ပူလစ်ဇာ ဆုကို ဒီစာအုပ်နဲ့ပဲရခဲ့ပါတယ်။ ဒီစာအုပ်ကို မြန်မာဘာသာပြန်အနေနဲ့ "တောင်ပံမဲ့ သင်းကွဲတေးဆိုငှက်ငယ်" အမည်နဲ့ စာရေးဆရာတင်မောင်မြင့်ဘာသာပြန်ဆိုတော့လည်း ၂၀၀၄ ခုနှစ်ရဲ့ အကောင်းဆုံးအမျိူးသားဘာသာပြန်(ရသ) ဆုကို ရခဲ့ပါတယ်။ စာအုပ်ကအောင်မြင်လို့ ဒီ To Kill a Mockingbird ကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အကောင်းဆုံး အဓိက ဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆု နဲ့ အကယ်ဒမီဆု ၃ ဆု အပြင်တခြားသော ရွှေကမ္ဘာလုံးဆုတွေကိုရခဲ့ပြီး တော်တော်ကြီးအောင်မြင်ခဲ့ပါတယ်။ ပြောရရင် ဒီစာအုပ်က ထိတိုင်း ရွှေဖြစ်တဲ့စာအုပ်လို့တောင် ပြောလို့ရပါတယ်။ ဒီဇာတ်ကားက သူ့ခေတ်သူ့အခါမှဖြစ်ခဲ့တဲ့ လူမည်းမုန်းတီးရေးနဲ့ လူမျိုးရေးခွဲခြားမှု ပြဿနာကို ကွက်ကွက်ကွင်းကွင်းကြီးမြင်သာအောင်ပြနိုင်ခဲ့ပြီးလူမှုပတ်ဝန်းကျင်က လူမည်းတွေအပေါ် အမြင်နဲ့ တရားစီရင်ရေး ကိစ္စမှာလည်း လူမည်းတွေကို မျက်နှာသာမပေးပဲ လူမည်းဆိုရင် အကျင့်ပျက်ယုတ်မာတယ်လို့မြင်တဲ့ လူ့အသိုင်းအဝိုင်းကြီးကြားမှာ ရှေ့နေ့ အာတီကက်စ်နဲ့ သူ့ရဲ့ ကလေးနှစ်ယေ…