Time Prisoner (2026)

Time Prisoner

သေဆုံးသွားတိုင်း အချိန်ကို နောက်ပြန်ပြန်ရောက်လာနိုင်မယ်ဆိုရင် ကိုယ့်အမှားတွေကို ပြင်ဆင်နိုင်မလား…ဒါပေမဲ့ အဲဒီလိုပြန်လည်ရှင်သန်ခွင့်ရတိုင်း ကိုယ့်အသက်က တဖြည်းဖြည်း ကုန်ဆုံးလာမယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲဒီဇာတ်ကားလေးဟာ AI နည်းပညာကို အသုံးပြုပြီး ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး AI ဇာတ်ကောင်တွေအနေနဲ့ Zhou Quan နဲ့ Shen Yu တို့ကို အဓိကပုံဖော်ထားပါတယ် ကျိုးချွမ်ဟာ လွန်ခဲ့တဲ့သုံးနှစ်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့် အရာအားလုံးကို ဆုံးရှုံးခဲ့ရသူပါ…တစ်နေ့မှာ အမ်-၉ လို့ခေါ်တဲ့ အာရုံကြောအဆိပ်နဲ့ ထိတွေ့မိပြီးနောက် သူဟာ သေဆုံးသွားတိုင်း မနက် ၈ နာရီအချိန်ကို ပြန်ရောက်လာတဲ့ ထူးဆန်းတဲ့အခြေအနေတစ်ခုထဲ ပိတ်မိသွားပါတော့တယ်… ဒါပေမဲ့ အချိန်ပြန်လည်ရောက်ရှိတိုင်း သူ့ခန္ဓာကိုယ်က ပိုမိုဆိုးရွားလာပြီး အသက်ရှင်ဖို့ အချိန်လည်း နည်းသထက်နည်းလာခဲ့ပါတယ် သူ့ကိုယ်သူ ကယ်တင်ဖို့နဲ့ သမီးလေး ရှောင်ယာကို ကာကွယ်ဖို့အတွက် ပါရဂူ ချန်ချီမင်ရဲ့ အကူအညီကို ရှာဖွေရင်း အတိတ်က ဖြစ်ရပ်တွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားလာခဲ့ပါတယ်…လွန်ခဲ့တဲ့သုံးနှစ်က သူ့ရဲဘော် အားကျယ် သေဆုံးခဲ့ရတဲ့အမှုနဲ့ မှောင်ခိုဂိုဏ်းတို့ရဲ့ ပတ်သက်မှုတွေကို တဖြည်းဖြည်း သိရှိလာရတဲ့အခါ ယုံကြည်ခဲ့ရသူတွေကြားက သစ္စာဖောက်မှုတွေနဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ ပေါ်ထွက်လာခဲ့ပါတယ် ဒါပေမဲ့ သူ့သမီးလေးကို ရန်သူတွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့အခါမှာတော့ ကျိုးချွမ်ဟာ သမီးကို ကယ်တင်ဖို့အတွက် နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲရပါတော့တယ်… အချိန်ကန့်သတ်ချက်နဲ့ အသက်အန္တရာယ်ကြားမှာ သမီးဖြစ်သူကို ကယ်တင်နိုင်ပါ့မလား…လွန်ခဲ့တဲ့သုံးနှစ်က အမှန်တရားကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာ… ရင်တထိတ်ထိတ်နဲ့ပဲ AI နည်းပညာနဲ့ ပုံဖော်ထားတဲ့ အချိန်လည်ပတ်မှုနဲ့ အသက်လုတ…

You May Also Like