Duke Wen of Great Qin (2026)

Genres: History
အင်အားကြီးတိုင်းပြည်တစ်ပြည် ဖြစ်လာဖို့ဆိုတာ တစ်နေ့တည်းနဲ့ တည်ဆောက်လို့ရတဲ့အရာ မဟုတ်ပါဘူး… အခက်အခဲတွေ သစ္စာဖောက်မှုတွေ စစ်ပွဲတွေနဲ့ အာဏာလုပွဲတွေကို ဖြတ်သန်းပြီးမှသာ ခိုင်မာတဲ့ အုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်တာပါ…ဒီလို သမိုင်းရဲ့ အစောပိုင်းကာလမှာ ချင်တိုင်းပြည်ရဲ့ အနာဂတ်အတွက် အုတ်မြစ်ချပေးခဲ့တဲ့ အုပ်ချုပ်သူတစ်ဦးရဲ့ ဘဝကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းမှာတော့ ကျိုးဖျင်ဘုရင်ရဲ့ အသိအမှတ်ပြုမှုနဲ့ ချင်နယ်စားဖြစ်လာခဲ့တဲ့ မိသားစုဟာ နေရပ်ကို ပြန်ရောက်ချိန်မှာ ရှီးရုံတို့ရဲ့ သိမ်းပိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်…အဘွားဖြစ်သူလည်း ဖမ်းဆီးခံထားရတာကြောင့် ယင်ရှော့ဟာ ကုန်သည်တစ်ဦးအဖြစ် အသွင်ယူပြီး ရန်သူ့နယ်မြေအတွင်း ဝင်ရောက်ကာ ယိချွီတွေနဲ့ ဉာဏ်ရည်ချင်းယှဉ်ပြိုင်ပြီး ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ် ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် ယင်ရှော့ဟာ ချင်နယ်စားအဖြစ် ထီးနန်းဆက်ခံခဲ့ရပါတယ်…အုပ်ချုပ်သူဖြစ်လာချိန်မှာတော့ ဥပဒေစည်းမျဉ်းတွေကို တင်းကျပ်စွာ ကျင့်သုံးခြင်း… ပြည်သူတွေရဲ့ ဘဝတည်ငြိမ်ရေးနဲ့ ရှီးရုံတို့နဲ့ ဆက်ဆံရေးပြေလည်အောင် ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းခဲ့ပါတယ်… နောက်ဆုံးမှာတော့ ချင်နယ်စား ယင်ရှော့ဟာ ချင်လူမျိုးတွေကို စည်းလုံးညီညွတ်အောင် ဦးဆောင်ပြီး အရှေ့ဘက် ကွမ်းကျုံးဒေသသို့ ချီတက်ခဲ့ကာ ချင်တိုင်းပြည်ရဲ့ နယ်မြေချဲ့ထွင်ရေးနဲ့ အနာဂတ်အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာရေးအတွက် ပထမဆုံးအုတ်မြစ်ကို ချနိုင်ခဲ့ပါတယ်…ဒီအုတ်မြစ်ကနေ နှစ်ပေါင်း ၅၀၀ ခန့်အကြာမှာ ချင်ရှီဟွမ်က တရုတ်ပြည်ကို တစ်တိုင်းပြည်တည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့တဲ့ သမိုင်းကြောင်းနဲ့လည်း ဆက်စပ်နေပါတယ် ဒီဇာတ်ကားလေးဟာ စစ်ပွဲနဲ့ တိုင်းပြည်ရေးပဋိပက္ခတွေကြားက အုပ်ချုပ်သူတစ်ဦးရဲ့ ရုန်းကန်မှုအပြင် တိုင်းပြည်တစ်ပြည်ရဲ့ အင်အားကြီး…