The Samurai and the Prisoner (2026)

Genres: Drama · Mystery · History
The Samurai and the Prisoner (2026) *************************************** IMDb Rating (7.7) "တံတိုင်းတွေကြားမှာ ပိတ်မိနေတာ ကိုယ်ခန္ဓာလား... စိတ်ဝိညာဉ်လား..." Period Drama တွေ၊ Samurai အက်ရှင်တွေကြားထဲမှာ သမားရိုးကျမဟုတ်ဘဲ Whodunit ဆိုတဲ့ စုံထောက် Mystery ပုံစံလေး ရောမွှေထားတဲ့ ဂျပန် Historical Thriller ကားကောင်းတစ်ကား ထွက်ရှိလာပါပြီ။ "Cure", "Tokyo Sonata" တိုကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာကြီး Kiyoshi Kurosawa ရဲ့ ပထမဆုံး Period ဇာတ်ကားဖြစ်တဲ့အပြင် မင်းသားကြီး Masahiro Motoki, ပရိသတ်အချစ်တော် Masaki Suda နဲ့ မင်းသမီးချော Yuriko Yoshitaka တို အားဖြည့်ပါဝင်ထားတာဆိုတော့ Cast အလန်းတွေ စုနေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ၁၅၇၉ ခုနှစ် ဂျပန်ပြည် စစ်မက်ဖြစ်ပွားနေတဲ့ကာလမှာ အခြေတည်ထားပါတယ်။ နယ်စားကြီး အာရာကီမူရာရှိဂဲဟာ အာဏာရှင် အိုဒါနိုဘူနာဂါကို ပုန်ကန်လိုက်တဲ့အတွက် သူ့ရဲ့ ကိုယ်ပိုင် အာရီအိုကာ ရဲတိုက်ကြီးထဲမှာ ရန်သူတွေ ဝိုင်းရံပိတ်ဆို့တာကို ခံလိုက်ရပါတယ်။ အပြင်မှာ ရန်သူတွေ ဝိုင်းနေတဲ့အချိန်... ရဲတိုက်တွင်းမှာပဲ ထိတ်လန့်စရာကောင်းတဲ့ လူသတ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတဲ့အခါ... တံခါးတွေအကုန်ပိတ်ထားတဲ့ ရဲတိုက်ကြီးထဲမှာ လူသတ်သမားက ဘယ်သူလဲ။ သစ္စာဖောက်က ဘယ်နားမှာ ပုန်းနေတာလဲဆိုတဲ့ သံသယတွေ၊ အကြောက်တရားတွေက ရဲတိုက်တွင်းက လူတွေကို ရူးသွပ်မတတ် ဖြစ်စေပါတော့တယ်။ ဒီလိုနဲ့ အကျပ်ရိုက်လာတဲ့ မူရာရှိဂဲ တစ်ယောက်... ရဲတိုက်ကျမသွားခင် ဒီလူသတ်မှုပဟေဠိကို ဖြေရှင်းဖိုအတွက် ရွေးချယ်စရာမရှိတော့ဘဲ သူ့ရဲ့ မြေအောက်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတဲ့ ရန်သူ့ဘက်က ဉာဏ်ကြီးရှင် စစ်ဗျူဟာမှူး ခန်ဘေးနဲ့ မဖြစ်မနေ ပူးပေါင်းရပါတော့တယ်။ ရဲတိုက်ကို ကာကွယ်နေတဲ့ နယ်စားကြီးနဲ့ အကျဉ်းကျနေတဲ့ ရန်သူ့ဗျူဟာမှူး... သူတိုန…