Crossing (2026)

Crossing

Genres: War · History

တစ်ခါတစ်ရံ စစ်ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်တာဟာ စစ်အင်အားအများအပြားရှိခြင်းထက် မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ဗျူဟာကို အသုံးချနိုင်ခြင်းပဲ ဖြစ်ပါတယ်… အင်အားမမျှတဲ့ အခြေအနေတွေကြားမှာတောင် ဉာဏ်ရည် သတ္တိနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ကို အသုံးချပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သမိုင်းဝင်စစ်ဆင်ရေးတစ်ခုကတော့ ချစ်ရွှေမြစ်ကို လေးကြိမ်ကျော်ဖြတ်ခဲ့ရတဲ့တိုက်ပွဲပဲ ဖြစ်ပါတယ်ဒီသမိုင်းဝင်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ တရုတ်နိုင်ငံရဲ့ Long March ကာလအတွင်း တပ်နီတော် ရင်ဆိုင်ခဲ့ရတဲ့ အကျပ်အတည်းတွေနဲ့ အဲဒီအခြေအနေကနေ လွတ်မြောက်နိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ စစ်ရေးဗျူဟာတွေကို ပုံဖော်ထားတဲ့ သမိုင်းနောက်ခံစစ်ပွဲဇာတ်ကားတစ်ကား ဖြစ်ပါတယ် မော်စီတုန်းဦးဆောင်မှုအောက်မှာ တပ်နီတော်ဟာ ချစ်ရွှေမြစ်ကို လေးကြိမ်ဖြတ်ကူးခဲ့ပြီး ဖြတ်ကူးမှုတစ်ကြိမ်စီတိုင်းမှာ မတူညီတဲ့ စစ်ရေးအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်… ပထမအကြိမ်မှာ အကျပ်အတည်းကြားက မဖြစ်မနေ ဆောင်ရွက်ခဲ့ရသလို ဒုတိယအကြိမ်မှာတော့ ရန်သူတွေ မမျှော်လင့်ထားတဲ့ လှုပ်ရှားမှုနဲ့ အံ့အားသင့်စေခဲ့ပါတယ်… တတိယအကြိမ်မှာ စစ်ရေးဗျူဟာရဲ့ ထူးချွန်မှုကို ပြသခဲ့ပြီး စတုတ္ထအကြိမ်မှာတော့ ရန်သူ့ဝိုင်းရံမှုကို ကျော်ဖြတ်နိုင်ဖို့ အလွန်ကောင်းမွန်တဲ့ စစ်ရေးလှည့်ကွက်တစ်ခု ဖြစ်လာခဲ့ပါတယ်… ဒီလို လေးကြိမ်ဆက်တိုက် ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေဟာ ရိုးရိုးမြစ်ဖြတ်ကူးမှုတစ်ခုထက် ပိုမိုအရေးပါခဲ့ပြီး ရန်သူ့တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကို ရှုပ်ထွေးစေပြီးတော့ တပ်နီတော်အတွက် အခြေအနေပြန်လည်ထိန်းချုပ်နိုင်မဲ့ အခွင့်အရေးကို ဖန်တီးပေးခဲ့ပါတယ်…ဒါကြောင့် ဒီစစ်ဆင်ရေးဟာ ကမ္ဘာ့စစ်ရေးသမိုင်းမှာ Mobile Warfare လို့ခေါ်တဲ့ ရွေ့လျားစစ်ဆင်ရေးဗျူဟာရဲ့ ထင်ရှားတဲ့ ဥပမာတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ…

You May Also Like