Celestial Warrior (2026)

Genres: Animation
အခုတင်ဆက်ပေးမှာကတော့ Celestial Warrior လို့ အမည်ရတဲ့ Ai Animation Movie လေးပဲဖြစ်ပါတယ် ...တစ်ချိန်က အလင်းတန်းတွေစီးဆင်းနေခဲ့တဲ့ အလင်းရဲ့ ကြယ်စင်္ကြာဝဠာမှာ ဂြိုဟ်ခုနစ်လုံးက နေမင်းကြီးလိုတောက်ပတဲ့ အရောင်အသွေးစုံ လွတ်လပ်တဲ့ယဉ်ကျေးမှုတွေကို အသီးသီး ထွန်းကားစေခဲ့ဖူးပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က... အမှောင်ထုကို ကိုယ်စားပြုတဲ့ "အမှောင်ဧကရာဇ်"ရဲ့ အမိန့်အောက်မှာ ရက်စက်ကြမ်းကြုတ်လှတဲ့ အမှောင်စစ်သည်တော်တွေဟာ နိုင်ငံကြီး ၆ နိုင်ငံကို မုန်တိုင်းလိုဖြိုခွင်းခဲ့ပြီး ဒဏ္ဍာရီလာ "ရွှေစက်ရုပ်ကြီး ၁၂ရုပ်"တွေရဲ့ခြေသံအောက်မှာ ခမ်းနားတဲ့မြို့ရိုးတွေ အပိုင်းပိုင်း ပြိုကျခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အင်ပါယာရဲ့ နန်းတော်ကြီးတွေက အရင်အတိုင်းခမ်းနားနေတုန်း ဖြစ်ပေမဲ့ စကြာဝဠာရဲ့ တစ်ထောင့်တစ်နေရာမှာရှိတဲ့ တျန့်ချီဂြိုဟ်ကတော့ အဆိပ်သင့် ရေဒီယိုသတ္တိ ကြွဓါတ်တွေ လွှမ်းမိုးနေတဲ့အမှိုက်တွေနဲ့ ဖုံးလွှမ်းပျက်စီးနေတဲ့ "အမှိုက်ဂြိုဟ်" တစ်ခုအဖြစ်သို့နိမ့်ပါးသွားခဲ့ရပါပြီ။ အမှောင်နိုင်ငံတော်ကြီးရဲ့ ခမ်းနားတဲ့ပွဲတော်ဖြစ်တဲ့ "နဂါးနက်ပွဲတော်"ရဲ့ ဆူညံပွက်လောရိုက်နေတဲ့ ကြားထဲမှာ .....ကလုန်းလူသား "နံပါတ် ၉၉"ဟာ အင်ပါယာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာ "နဂါးသွေးလုံး"ကိုခိုးယူထွက်ပြေးသွားခဲ့ပါတယ်။ နောက်ကနေ လိုက်လံပစ်ခတ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖိအားတွေအောက်မှာ ၉၉ ဟာ အမှိုက်တွေ ပြည့်နှက်နေတဲ့ အမှိုက်စွန့်ပစ်ရာ ပို့ဆောင်ရေးပေါက်ဆီသို့ အရှိန်ပြင်းပြင်းနဲ့ ခုန်ဆင်း ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ပျက်စီးနေပြီဖြစ်တဲ့ ကမ္ဘာငယ်တစ်ခုနဲ့ အမှောင်ထုရဲ့ နက်ရှိုင်းရာဆီ ဦးတည်နေတဲ့ ထိုခရီးစဉ်ကြီးထဲမှာ ၉၉ တစ်ယောက် ဘာတွေဆက်ဖြစ်မလဲ..... တန်ဖိုးမဖြတ်နိုင်တဲ့ "နဂါးသွေး" ရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေဖုံးကွယ်နေလဲဆိုတာ ရင်တထိတ်ထိ…