Made in Abyss: Dawn of the Deep Soul (2020)

Made in Abyss: Dawn of the Deep Soul

Genres: Mystery · Fantasy · Adventure · Animation

ပထမဦးဆုံးအနေနဲ့ Made in Abyss ရဲ့ Watch order လေးပြောပြပါ့မယ် - Season 1 (13 Eps) or Movie 1,2 - Made in Abyss Movie 3: Dawn of the Deep Soul - Season 2 (12 Eps) - ခု ရုံတင်နေတဲ့ Made in Abyss Movie 4: Awakening Mystery တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ Movie 1 - Journey's Dawn က Season 1 Ep 1 to 8 ကို ကာဗာလုပ်ထားပြီး Movie 2 - Wandering Twilight က Ep 9 to 13 ကို ကာဗာလုပ်ထားတဲ့ Recap Movie တွေ ဖြစ်တာမို့ ဒီ Movie 1 & 2 ကို ကြည့်လိုက်ရင် S1 ကြည့်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်..။ ကဲ Made in Abyss အကြောင်းလေးကို ကြည့်မယ့်သူတွေအတွက် ရှင်းပြပါရစေ... စပြောချင်တာကတော့ ရုပ်ထွက်လေးတွေက Cute ပြီး ချစ်စရာကောင်းပေမဲ့လည်း ဇာတ်လမ်းနဲ့ ပြကွက်တွေကတော့ ကလေးကြည့် မဟုတ်ပါဘူး Deep & Dark ဖြစ်ပါတယ် သွေးထွက်သံယိုအကြမ်းဖက်တာတွေပါတယ် ကလေးသူငယ်တွေ ဆင်းရဲဒုက္ခတွေပါပါတယ် သူ ဇာတ်အိမ်တည်ထားတာက ဟိုးအရင်ကတည်းက Abyss လို့ခေါ်တဲ့ တွင်းနက်ကြီးတစ်ခုပေါ်ပေါက်လာခဲ့တယ် အဲဒီထဲမှာ အလွှာတွေအထပ်ထပ်တည်ရှိပြီး ထူးခြားဆန်းကြယ်တဲ့ ရှေးဟောင်းပစ္စည်းတွေလည်းရှိတယ် သတ္တဝါအဆန်းပေါင်းစုံလည်းရှိတယ် အောက်ဆုံးကိုလည်း ဘယ်သူကမှ မရောက်ဖူးပဲ ဒီ Abyss ထဲကို စူးစမ်းလေ့လာကြတဲ့ ဂူရှာဖွေသူတွေဆိုတာလည်း သက်သက်ရှိကြတာပေါ့ အဲဒီ ဂူရှာဖွေသူတွေကို အတွေ့အကြုံနဲ့ ပညာအလိုက် ဝီစီအရောင်လေးတွေနဲ့လည်း ခွဲထားကြပါတယ် ခေါင်းလောင်း - ဝီစီနီ - ဝီစီပြာ - ဝီစီလမင်း - ဝီစီနက် ပြီးတော့ ဝီစီဖြူတွေကတော့ ဆရာကြီးတွေ ဒီ Abyss ဆိုတာကလည်း ဆင်းချင်တိုင်း ဆင်းမရဘူး ဘာလို့လဲဆိုတော့ ဆင်းလိုက်တဲ့အလွှာပေါ်မူတည်ပြီး ပြန်တက်လာရင် Abyss ကျိန်စာလို့ခေါ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရပါသေးတယ် မူးဝေအော့အန် သွေးတွေထွက်တာမျိုးအပြင် လူစိတ်ပျောက်ပြီး မကောင်းဆိုးရွားဖြစ်တာမျိုးတွေပါ တအားနက်တဲ့အလွှာ…

You May Also Like