The Turin Horse (2011)

Genres: Drama
The Turin Horse (2011) IMDB : 7.7 Rotten Tomatoes : 87% Genre : Drama / Drama ၁၈၈၉ ဇန်နဝါရီ၃ရက်နေ့မှာ နိရှေးက တူရင်မြို့ရဲ့လမ်းမပေါ် ထွက်လာခဲ့တယ်။ အညောင်းပြေအညာပြေ လမ်းလျှောက်ထွက်တာလည်း ဖြစ်နိုင်သလို စာသွားယူဖို့ စာတိုက်ကို သွားတာလည်း ဖြစ်နိုင်တယ်။ သူနဲ့ သိပ်မဝေးတဲ့ တစ်နေရာမှာဖြစ်ဖြစ် သူအလှမ်းမမီနိုင်အောင် ဝေးတဲ့တစ်နေရာမှာဖြစ်ဖြစ် လှည်းသမားတစ်ယောက်က ခေါင်းမာလှတဲ့ သူ့မြင်းတစ်ကောင်နဲ့ ဒုက္ခများနေခဲ့တယ်။ သူဘယ်လောက်မောင်းမောင်း မြင်းက လှုပ်ကိုမလှုပ်လို့ လှည်းသမားက ဒေါသမထိန်းနိုင်တော့ပဲ မြင်းကို ကြာပွတ်နဲ့ ရိုက်မိခဲ့တယ်။ ဒီအဖြစ်ကို ဝိုင်းကြည့်နေတဲ့လူအုပ်ကြီးထဲ နိရှေးရောက်လာတဲ့အခါ ဒေါသခိုးတွေဝေနေတဲ့ လှည်းသမားရဲ့ ရက်စက်တဲ့ မြင်ကွင်းက အဆုံးသတ်သွားခဲ့တယ်။ ခန္ဓာကိုယ်ထွားကျိုင်းတောင့်တင်းပြီး အမွှေးအမျှင်သန်စွမ်းတဲ့ နိရှေးက မြင်းလှည်းဆီ ရုတ်တရက် ခုန်ဝင်လာပြီး မြင်းလည်ပင်းကို သူ့လက်နဲ့ သိုင်းဖက်ထားရင်း ရှိုက်ငိုနေခဲ့တယ်။ ဒီနောက် သူ့အိမ်နီးချင်းက သူ့ကို အိမ်ပြန်ခေါ်သွားခဲ့တယ်။ အိမ်ကိုပြန်ရောက်ပြီးတဲ့နောက် နိရှေးက သူ့ကုတင်ပေါ်မှာပဲ ငြိမ်ငြိမ်လေးလှဲပြီး တိတ်တိတ်လေး နေနေခဲ့တယ်။ သူမပြောမဖြစ်ပြောရမယ့် နောက်ဆုံးစကားကို မပြောခင်အထိပေါ့။ "အမေ ကျွန်တော်က အရူးပဲ"တဲ့။ ဒီနောက် သူက နောက်၁၀နှစ်လုံးလုံး သူ့အမေနဲ့ ညီမရဲ့ ဂရုစိုက်မှုအောက်မှာပဲ ယဉ်ယဉ်လေးရူးနေသလိုမျိုး နေနေခဲ့တယ်။ မြင်းအကြောင်းကိုတော့... ကျွန်တော်တို့ ဘာမှမသိရဘူး။ နိရှေးကို ရင်းနီးတဲ့လူတွေတော့ ဒီတူရင်မြင်းဇာတ်လမ်းကို ကြားဖူးပြီးသားပါပဲ။ ဒီဇာတ်လမ်းကို ကျွန်တော်စစသိတုန်းက မြင်းကို သနားခဲ့သလို လှည်းသမားကိုလည်း စာရိတ္တပုံပြင်တွေထဲက မကောင်းတဲ့ လူတစ်ယောက်လို မြင်ခဲ့မိတာပဲ။ Bela Tarrကတော့ ဒီထက်ပိုမြင်ခဲ့တယ်။ ဒီဇာတ်လမ်းရဲ့နောက်ဆက်တွဲမှာ နိရှေးဘာဖြ…