

The Road Dance
Drama
Director: Richie Adams
The Road Dance (2022)
------------------
ဇာတ်လမ်းနောက်ခံကတော့ ၁၉၁၆ ခုနှစ် ပထမကမ္ဘာစစ်အတွင်း စကော့တလန်နိုင်ငံရဲ့ လူသူဝေးလံပြီး လှပအေးစက်လှတဲ့ Outer Hebrides ကျွန်းစုက ကျေးရွာလေးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လိုက်မလေး Kirsty Macleodဟာ စာဖတ်ဝါသနာပါပြီး ဒီကျွန်းငယ်လေးကနေ ရုန်းထွက်ကာ အမေရိကတိုက်မှာ ဘဝသစ်စတင်ဖို့ အိပ်မက်ရှိသူလေးပါ။ သူမမှာ အပြန်အလှန် ချစ်ခင်ရတဲ့ ချစ်သူကောင်လေး Murdo ရှိပြီး ဘဝက ရိုးရှင်းအေးချမ်းနေခဲ့ပါတယ်။
ဒါပေမဲ့ စစ်ပွဲက ကျွန်းကလေးဆီ ကူးစက်လာပြီး Murdo အပါအဝင် ရွာကလူငယ်တွေ စစ်ထဲဝင်ဖို့ ဆင့်ခေါ်ခြင်း ခံရပါတော့တယ်။ သူတို့ စစ်မြေပြင်ကို မထွက်ခွာခင် နောက်ဆုံးညမှာ ရွာလုံးကျွတ် လမ်းမပေါ်မှာ သီချင်းဆို ကကြိုးဆန်းဆန်းတွေနဲ့ နှုတ်ဆက်ပွဲအဖြစ် ကခုန်ကြပါတယ် (ဒါကို ဇာတ်ကားခေါင်းစဉ်အရ The Road Dance လို့ ခေါ်တာပါ)။ အဲဒီညမှာပဲ... ပျော်စရာတွေကြားကနေ Kirsty အတွက် ဘဝတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ့် ဖြစ်ရပ်ဆိုးကြီး တစ်ခု ခါးသီးစွာ ကျရောက်လာပါတော့တယ်။ စစ်မြေပြင်က သတင်းဆိုးတွေ၊ ကျွန်းသားတွေရဲ့ ဝေဖန်မှုတွေနဲ့အတူ စိတ်ဒဏ်ရာတွေကို Kirsty တစ်ယောက်တည်း ဘယ်လိုမျိုး ကြံ့ကြံ့ခံ ကျော်ဖြတ်မလဲဆိုတာကို ရိုက်ပြထားပါတယ်။
Download Links
WEB-DL1080p1.38 GB
⌄WEB-DL720p861.59 MB
⌄