The President's Cake (2025)

Genres: Drama
The President's Cake (2025) IMDb Rating (7.7) / Rotten Tomatoes (99%) ကိန်းစ် ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ပွဲဦးထွက်ဒါရိုက်တာဆုကို ရရှိခဲ့တဲ့ ပထမဆုံး အီရတ်ရုပ်ရှင်ဖြစ်သလို၊ တခြား နိုင်ငံတကာဆုတွေ အများကြီးကိုလည်း ဆွတ်ခူးထားနိုင်တဲ့ ကားကောင်းတစ်ကား တင်ပေးထားပါတယ်။ အတော်လည်း ရင်နာဖို့ကောင်းပြီး grave of the fireflies လို vibe မျိုး ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ဒီရုပ်ရှင်လေးကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ဆဒ္ဒမ်ဟူစိန် အုပ်ချုပ်နေတဲ့ အီရတ်နိုင်ငံကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ။ အဲဒီအချိန်က အီရတ်နိုင်ငံဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ပြည်သူတွေ အတော်လေးကို ကျပ်တည်းနေခဲ့ကြတယ်။ ဆေးဝါးတွေ၊ အစားအသောက်တွေ အကုန်ရှားပါးနေတဲ့ အချိန်ပေါ့။ ဒါပေမဲ့ အဲဒီလို ကျပ်တည်းနေတဲ့ကြားကနေ နိုင်ငံသားတိုင်းဟာ သမ္မတကြီးရဲ့ မွေးနေ့ကို မဖြစ်မနေ ကျင်းပပေးရမယ်ဆိုတဲ့ အမိန့်တစ်ခု ရှိနေတယ်။ မလုပ်ရင်လည်း အပြစ်ပေးခံရမှာလေ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်လေးကတော့ အသက် ၉ နှစ်အရွယ် လာမီယာ လို့ခေါ်တဲ့ ကောင်မလေးပါ။ တစ်နေ့တော့ ကျောင်းမှာ သမ္မတကြီးအတွက် မွေးနေ့ကိတ်ဖုတ်ပေးရမယ့်သူကို မဲနှိုက်ရွေးချယ်ကြရာကနေ ကံဆိုးချင်တော့ လာမီယာလေး မဲပေါက်သွားပါလေရော။ ကိတ်မုန့်ဖုတ်ဖို့ဆိုတာ ဂျုံ၊ သကြား၊ ကြက်ဥ စတာတွေ လိုတာပေါ့။ ဒါပေမဲ့ အဲဒီအချိန်က အဲဒါတွေက ငွေရှိရင်တောင် အလွယ်တကူရဖို့ တော်တော်လေးကို ခက်ခဲနေတဲ့အရာတွေ ဖြစ်နေတယ်။ ဒါနဲ့ပဲ လာမီယာလေးဟာ သူ့အဖွား၊ နောက်ပြီး သူ့သူငယ်ချင်းတို့နဲ့အတူ သမ္မတကြီးရဲ့ ကိတ်မုန့်ဖုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေရအောင် ရေတိမ်ဒေသတွေကနေ မြို့ပေါ်က လူစည်ကားတဲ့ ဈေးတွေထဲအထိ လိုက်ရှာရတဲ့ စွန့်စားခန်းလေး စတင်ပါတော့တယ်။ ဒီကားလေးက ကလေးတစ်ယောက်ရဲ့ ဖြူစင်တဲ့ အမြင်ကနေတစ်ဆင့် အာဏာရှင်စနစ်ရဲ့ အဓိပ္ပာယ်မဲ့တဲ့ လုပ…