The Manchurian Candidate (1962)

နိုင်ငံရေး လျှို့ဝှက်ပူးပေါင်းကြံစည်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ Psychological Thriller ဇာတ်ကားတွေထဲမှာ ရုပ်ရှင်သမိုင်းတစ်လျှောက် အကောင်းဆုံး စံပြလက်ရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ "The Manchurian Candidate (၁၉၆၂)" ဂန္ထဝင်ဇာတ်ကားကြီးကို ဒီနေ့မှာ တက်ဆက် ပေးချင်ပါတယ်။ ဒါရိုက်တာကြီး John Frankenheimer ရိုက်ကူးပြီး ကမ္ဘာကျော် အဆိုတော်နဲ့ မင်းသားကြီး Frank Sinatra၊ Laurence Harvey နဲ့ မင်းသမီးကြီး Angela Lansbury တို့ အပြိုင်အဆိုင် သရုပ်ဆောင်ထားတဲ့ Masterpiece ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ ကိုရီးယားစစ်ပွဲကာလမှာ စတင်ပါတယ်။ ကပ္ပတိန် ဘန်းနက် မာကို နဲ့ တပ်ကြပ် ရေမွန် ရှော တို့ ဦးဆောင်တဲ့ အမေရိကန် စစ်သားတပ်စုတစ်စုဟာ ကွန်မြူနစ်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မန်ချူးရီးယား ဒေသကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ စစ်ပွဲပြီးလို့ အမေရိကန်ကို ပြန်ရောက်လာတဲ့အခါမှာတော့ ရေမွန် ဟာ တိုက်ပွဲအတွင်း သူ့ရဲဘော်တွေရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းအဖြစ် တပ်စုဝင်အားလုံးရဲ့ ထောက်ခံချက်နဲ့အတူ အမြင့်ဆုံး ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ထောက်လှမ်းရေး မေဂျာ ဖြစ်လာတဲ့ မာကို နဲ့ တပ်စုဝင်တချို့ဟာ ညတိုင်း ထူးဆန်းတဲ့ အိပ်မက်ဆိုးတစ်ခုကို တူညီစွာ မက်လာကြပါတယ်။ အဲဒီအိပ်မက်ထဲမှာတော့ ရေမွန် ဟာ သူရဲကောင်းမဟုတ်ဘဲ ကွန်မြူနစ်ခေါင်းဆောင်တွေရဲ့ ရှေ့မှောက်မှာ သူ့ရဲဘော်နှစ်ဦးကို သွေးအေးအေးနဲ့ သတ်ဖြတ်နေတာကို မြင်တွေ့နေရတာပါ။ မာကို တစ်ယောက် ဒီအိပ်မက်ဆိုးရဲ့ နောက်ကွယ်က အမှန်တရားကို လိုက်လံစုံစမ်းတဲ့အခါ သူတို့တပ်စုတစ်ခုလုံးဟာ မန်ချူးရီးယားမှာ ဦးနှောက်ဆေး (Brainwash) ခံခဲ့ရပြီး၊ ရေမွန် ဟာ ဖဲချပ်ထဲက Queen of Diamonds ကို မြင်လိုက်တာနဲ့ စက်ရုပ်တစ်ရုပ်လို ခိုင်းသမျှ လုပ်ကြံသတ်ဖြတ်ပေးမယ့် လျှိ…