The Man Standing Next (2020)

The Man Standing Next (2020) ******************************* ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်ကားလေးကတော့ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားသမ္မတကြီးဘတ် လုပ်ကြံခံရမှုမတိုင်မီ ရက်ပေါင်း ၄၀ အလိုကာလကို အဓိကထားရိုက်ကူးထားတဲ့ သမိုင်းဝင် နိုင်ငံရေး ဖြစ်ရပ်မှန် သည်းထိတ်ရင်ဖို ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ မင်းသား Lee Byung-Hun, Lee Sung-Min, Kwak Do-Won, Lee Hee-Joon အစရှိတဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားကြပြီး IMDb rating 7.0 နဲ့ ဆုပေါင်းများစွာ ပတ်သိမ်းခဲ့တဲ့ ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း *************** ၁၉၇၀ ပြည့်လွန်နှစ်များမှာ တောင်ကိုရီးယားနိုင်ငံဟာ သမ္မတဘတ်(Lee Sung-Min)၏ အကြွင်းမဲ့အာဏာအောက်မှာ ရှိနေပြီး ကိုရီးယားဗဟိုထောက်လှမ်းရေးဌာန(KCIA)ဟာ အစိုးရဌာနအားလုံးကို လွှမ်းမိုးထားတာတဲ့ အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။ အဲဒီအချိန်က KCIA ဆိုတာက ကိုရီးယားသမ္မတရဲ့အတွင်းရေးကိစ္စမှန်သမျှ လုပ်ဆောင်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဂင်ဂယူဖြောင်း(Lee Byung-Hun)ဟာ KCIA ရဲ့ ဌာနမှူးတစ်ယောက်ဖြစ်ပြီး သမ္မတရဲ့ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း သမ္မတရုံးလုံခြုံရေးအကြီးအကဲ ဂွက်ဆန်းချွန်း(Lee Hee-Joon)ရဲ့ ပြိုင်ဆိုင်မှုနဲ့ နိုင်ငံရေးအာဏာလုပွဲများကို ရင်ဆိုင်နေရပါတယ်။ ဒီအချိန်မှာပဲ အစိုးရရဲ့ တရားမဝင်တဲ့ လျှို့ဝှက်လုပ်ငန်းများအားလုံးကို သိရှိထားတဲ့ KCIA ရဲ့ ဌာနမှူးဟောင်း ဘတ်ယုံးဂတ်(Kwak Do-Won)ဟာ အမေရိကန်ပြည်ထောင်စုကို တိမ်းရှောင်ကာ ကိုရီးယားအစိုးရကို တရားစွဲဆိုခဲ့ပြီး အစိုးရရဲ့ လျှို့ဝှက်ချက်များကို ဖော်ထုတ်ထားတဲ့ ကိုယ်တွေ့မှတ်တမ်းကိုပါ ထုတ်ဝေဖို့ ကြိုးပမ်းပါတော့တယ်။ သမ္မတဘတ်ဟာ ဌာနမှူး ဂင်ဂယူဖြောင်းကို ကိုယ်တွေ့မှတ်တမ်းထုတ်ဝေခြင်းကို တားဆီးဖို့အတွ…