The Lives of Others (2006)

The Lives of Others

Genres: Drama · Thriller

The Lives of Others (2006) IMDb Rating (8.4) / Rotten Tomatoes (92%) ဒီကားက ၂၀၀၇ခုနှစ်ရဲ့ အော်စကာဆုပေးပွဲ မှာ Best Foreign language of the year ဆုကိုရရှိခဲ့ပါတယ်။ အခြားဆုပေါင်း ၇၆ဆုရရှိခဲ့ပြီး ၃၅ဆုဆန်ကာတင်စာရင်းလည်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် စစ်ပြီးခေတ် အခြေအနေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒါကြောင့် နောက်ခံ သမိုင်းကြောင်းကို အနည်းငယ် ပြောပြပါမည်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့ အခါ ဂျာမဏီကို မဟာမိတ်နိုင်ငံတွေက အသီးသီး ပိုင်းယူခဲ့ကြပါတယ်။ မဟာမိတ်တွေက အထူးပြောစရာလိုမယ်မထင်ပါ။ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် နဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖြေးဖြေးနဲ့ အနောက်ဘက်က မဟာမိတ်အုပ်စု( ပြင်သစ်၊ ဗြိတိန်၊ အမေကိကန်) ကတစ်ဖက် ရုရှားအစိုးရက တစ်ဖက်ဖြစ်ကာ ဂျာမဏီနိုင်ငံဟာ နှစ်ပိုင်းပိုင်းခံလိုက်ရပါတယ်။ ဂျာမဏီနိုင်ငံကို နှစ်ပိုင်း ပိုင်းလိုက်ရုံသာမက ရုရှားအစိုးရလက်ထဲကျရောက်နေတဲ့ ဘာလင်မြို့ကိုလည်း နှစ်ပိုင်းပိုင်းခဲ့ပါတယ်။ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီ အရှေ့ဘာလင်နဲ့ အနောက်ဘာလင်ဆိုကာ လူမျိုးတစ်မျိုးထဲနဲ့ နှစ်နိုင်ငံဖြစ်ခဲ့ရပါတယ်။ နိုင်ငံရေးအနေနဲ့ အရှေ့ဂျာမဏီဟာ ရုရှားတို့ပိုင်နက်နယ်မြေထဲမှာ ရှိတဲ့အတွက် ဆိုရှယ်လစ်စနစ်ဖြစ်ကာ အနောက်ဂျာမဏီကတော့ ဒီမိုကရေစီဆန်ဆန် ဖြစ်ခဲ့ပါတယ်။ 1961 ခုနှစ်မှာ ရုရှားအစိုးရဟာ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီကြား ကို ဘာလင်တံတိုင်းတည်ဆောက်ကာ လုံးဝ ပိုင်းခြားခဲ့ပါတယ်။ အနောက်ဂျာမဏီကလူများကတော့အရှေ့ဂျာမဏီကို အခက်အခဲမရှိ ကူးသန်းနိုင်ခဲ့သော်လည်း အရှေ့ဂျာမဏီမှ အနောက်ဂျာမဏီသို့ ကူးသန်းခွင့်သည် ထိုခေတ်က ရွှေထက်ရှားခဲ့လေသည်။ ထိုခေတ်ထိုကာလရှိ အနုပညာရှင်များကိုလည်း အစိုးရက မကြည်ရင်မကြည်သလို အနုပညာလုပ်ခွင့်ပိတ်ပင်ခြင်းများရှိခဲ့လေသည်။ ဤဇာတ်ကားထဲတွင် ပြ…

You May Also Like