Advertisement
The Laplace's Demon

The Laplace's Demon

Il demone di Laplace

★ 6.6📅 2017⏱ 105 min👥 23 votes
MysteryHorrorThrillerScience Fiction

Director: Giordano Giulivi

The Laplace's Demon (2017) IMDb Rating (6.5) / Rotten Tomatoes (71%) သင်္ချာပုံသေနည်းတစ်ခုက ခင်ဗျားရဲ့အတွေး၊ ခင်ဗျားရဲ့လှုပ်ရှားမှုနဲ့ ခင်ဗျားရဲ့ကံကြမ္မာတွေကိုစက္ကန့်မလပ် ကြိုတင်တွက်ချက်ထားနိုင်တယ်ဆိုရင် ယုံနိုင်မလား? သိပ္ပံပညာရှင်တွေနဲ့သင်္ချာပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ဒြပ်ပစ္စည်းတွေရဲ့ခံနိုင်ရည်ကို တွက်ချက်ပေးနိုင်တဲ့ဆော့ဖ်ဝဲတစ်ခုကို တီထွင်နေကြပါတယ်။ တစ်နေ့တော့ သူတို့ကို ပါမောက္ခတစ်ယောက်က လူသူမနီးတဲ့ပင်လယ်ထဲက ကျွန်းတစ်ကျွန်းပေါ်က စံအိမ်ကြီးကို စမ်းသပ်မှုတစ်ခုအတွက်ဖိတ်ခေါ်ခဲ့ပါတယ်။ အဲ့ဒီအိမ်ကြီးထဲကိုအားလုံးရောက်သွားတဲ့အချိန်မှာတော့ သူတို့ဟာ ပြင်ပကမ္ဘာနဲ့လုံး၀ အဆက်အသွယ်ဖြတ်တောက်ခံလိုက်ရပြီဆိုတာကို သိလိုက်ကြရပါတော့တယ်။ ပိုပြီးကြောက်စရာကောင်းတာကတော့ အိမ်ထဲမှာရှိတဲ့ စစ်တုရင်ခုံပေါ်ကနယ်ရုပ်လေးတွေဟာ သူတို့လူဦးရေအတိုင်းအတိအကျဖြစ်ပြီး အဲ့ဒီအရုပ်လေးတွေရဲ့လှုပ်ရှားမှုဟာ သူတို့တစ်ယောက်ချင်းစီရဲ့ ရှင်သန်မှု၊ သေဆုံးမှု၊ လှုပ်ရှားမှုတွေနဲ့ တစ်ထေရာတည်း တိုက်ဆိုင်နေတာကို တွေ့လိုက်ရတဲ့အခါ..။ သူတို့ဟာ ကိုယ့်စိတ်ကြိုက်ရွေးချယ်လှုပ်ရှားနေကြတာလား၊ ဒါမှမဟုတ် ပေါမောက္ခရဲ့သင်္ချာပုံသေနည်းကအကွက်ချထားပြီးသားအတိုင်း ကစားနေရတဲ့ နယ်ရုပ်ကလေးတွေပဲလား ရင်တမမနဲ့စောင့်ကြည့်ရတော့မှာပါ။ Rating တွေလည်း ကောင်းသလို၊ ဝေဖန်ရေးဆရာတွေလည်းသဘောကျနှစ်သက်ကြပြီး နာမည်ကျော် The Twilight Zone ထဲက episode တစ်ခုကို ရုပ်ရှင်တစ်ကားကြည့်ရသလိုမျိုးရှုစားရမှာဖြစ်ပါတယ်။ File size… (3.3 GB) / (1.2 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery,Science Fiction,Thriller Duration…. 01:45:00 Subtitle…. Myanmar Subtitle (Hardsub)
Advertisement

Download Links

WEB-DL1080p3.3 GB
WEB-DL720p1.2 GB
Advertisement