The Midnight After (2014)

Genres: Mystery · Horror · Thriller · Comedy · Science Fiction
ဒီကားလေးကတော့ သွေးထွက်သံယိုတွေပါဝင်ပြီး 18+ လည်း အနည်းငယ်ပါဝင်တာကြောင့် စိတ်ခိုင်သူများနှင့် horror ကြိုက်သူများအတွက် ကြည့်ကောင်းမဲ့ဇာတ်ကားလေးပါပဲဗျ။ ဇာတ်ကားလေးရဲ့ အကြောင်းအရာကတော့ တိုင်ပိုကနေထွက်လာမဲ့ ဘတ်စ်ကားလေးပေါ်က လူ ၁၇ ယောက်တွေ့ကြုံရမဲ့ အဖြစ်အပျက်လေးဖြစ်ပါတယ်။သူတို့တွေဟာ ညသန်းခေါင်ယန်အကျော်မှာ တိုင်ပိုကနေထွက်လာပြီးတော့ ခြင်္သေ့ရုပ်ထုလိုခေါ်တဲ့ လှိုဏ်ဂူထဲကိုဝင်သွားရင်း ရုတ်တရက်ဆိုသလိုပဲ ဘေးနားကကားတွေဟာပျောက်သွားခဲ့တယ်။ ဒါပေမဲ့လည်း သူတို့ဟာဒါကိုစိတ်ထဲမထားပဲ ခရီးဆက်လာခဲ့ရာ နောက်တစ်မြို့ကိုရောက်ရှိလာတဲ့အချိန်မှာတော့ မြို့ကြီးဟာလူသူကင်းမဲ့ပြီးတိတ်ဆိတ်ခြောက်ကပ်နေတယ်။လိုင်းတွေလဲပြတ်တောက်သွားပြီး ကမ္ဘာကြီးမှာသူတို့ပဲရှိတော့သလိုဖြစ်နေခဲ့တယ်။ဒီလိုပြဿနာတွေက ဘာမှန်းလဲဆိုတာ တွေဝေပူပန်နေချိန်မှာပဲ ဗိုင်းရပ်စ်တစ်ခုခုကြောင့်တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတယ်။ဒါကဘာကြောင့်ဖြစ်ရတာလဲနဲ့ လူတွေဘယ်လိုပျောက်သွားတာကို ဒီခြောက်ခြားစရာ မြို့ကြီးမှာအဖြေရှာရင်း ဘာတွေထပ်ပြီးကြုံတွေ့လာရမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြရအောင်။ File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Duration…. 02:04:00 Genre... Dark Comedy, Comedy, Drama, Mystery, Thriller