The Help (2011)

Genres: Drama
The Help (2011) IMDb Rating (8.1) / Rotten Tomatoes (76%) အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ ဒီဇာတ်လမ်းကို Kathryn Stockett ရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အော်စကာဆုပေးပွဲမှာ တစ်ပြေးခဲ့တဲ့ ရုပ်ရှင်ကားပါ။ The Shawshank Redemption တို့လို Tom Hanks ရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးဖြစ်ပါတယ်။ "မိန်းမငယ်လေး တစ်ယောက်အနေနဲ့ အရွယ်ရောက်ကြီးပြင်းလာချိန်မှာ ဒီအိမ်အကူအလုပ်ကိုလုပ်ရလိမ့်မယ်လို့များ ရှင်ကြိုသိခဲ့သလား" "သိခဲ့တာပေါ့၊ကျွန်မ အမေဟာ အိမ်အကူအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ကျွန်မအဖွားဖြစ်သူကလည်း မြေကျွန်တစ်ယောက်ပဲလေ၊ဒီတော့ ကျွန်မသိခဲ့ပါတယ်။" 1963 ခုနှစ် အမေရိကန်နိုင်ငံ Mississippiပြည်နယ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ Big Mama လို့ခေါ်လေ့ရှိကြတဲ့ အိမ်အကူ လူမည်းအမျိုးသမီးကြီးတွေရဲ့ ဘဝနေထိုင်မှု နဲ့ လူဖြူလူမည်း အသားအရောင်ခွဲခြားမှုတွေ အကြောင်းပါ လူမည်း အမျိုးသမီးတွေဟာ အထက်တန်းလွှာလူဖြူ မိသားစုတွေထံမှာ အိမ်အကူအဖြစ် အလုပ်လုပ်ကြပြီး ကျွန်သာသာဆက်ဆံခံခဲ့ကြရပါတယ် ထမင်းစားပွဲ တစ်ပွဲတည်း အတူတူစားခွင့်မရှိသလို လူဖြူတွေရဲ့အိမ်သာ ရေချိုးခန်းကို လူမည်းတစ်ယောက်ယောက်သုံးမှာမျိုးကို လူဖြူတွေက သေမတတ်ကြောက်ကြပါတယ် လူမည်းအခွင့်အရေးဆိုင်ရာ စာရွက်စာတမ်းတွေရေးသားထုတ်ဝေရင် ထောင်ချနိုင်တဲ့ဥပဒေမျိုး ရှိသည်အထိ အသားအရောင်ခွဲခြားတဲ့ ပြည်နယ်တစ်ခုပါပဲ Eugenia "Skeeter" Phelan ဆိုတဲ့ ဂျာနယ်လစ်ပေါက်စ အမျိုးသမီးဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ Jackson, Mississippi ကိုပြန်ရောက်လာခဲ့ပါတယ်။ သူ့ကိုငယ်ကတည်းက ထိန်းကျောင်းလာခဲ့တဲ့ အိမ်အကူအမျိုးသမီးကြီး…