The Four Bad Boys and Me (2025)

The Four Bad Boys and Me (2025) ဖိလစ်ပိုင်အချစ်ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အကျဉ်းကတော့ ကန်ဒစ် ဂွန်ဇလက်စ် ဆိုတဲ့ကောင်မလေးက ပုံတုံးတုံးဖက်ရှင်တွေ ဝတ်တတ်တဲ့ ရုပ်ဆိုးမလေးပေါ့။ ကျောင်းမှာအရမ်း popular ဖြစ်တဲ့ကျောင်းသားလေးယောက်ရှိတယ်။ တစ်ယောက်က ကန်ဒစ်ရဲ့အစ်ကို ချားလက်စ်၊ အမြဲတမ်းရန်ဖြစ်ပြီးတိုက်ရခိုက်ရဝါသနာပါတဲ့သူ။ နောက်တစ်ယောက်က ထရွိုင် မန်ဒိုဇာ၊ သူကတော့ ရုပ်ချောတာလေးကိုဗန်းပြပြီးစော်ရှုပ်တဲ့သူ။ နောက်တစ်ယောက်က မာကီလင်မ်၊ သူကိုတော့သန့်သန့်ပြန့်ပြန့်နေတတ်ပြီးဆွဲဆောင်မှုရှိတဲ့ သူလို့လူသိများတယ်။ တကယ်ကသူက လောင်းကစားဝါသနာပါ။ နောက်ဆုံးတစ်ယောက်က မာနမင်းသားလေး ဂျေဒန်လိုပက်ဇ်၊ ရုပ်ချောသလောက်မာနလည်းကြီးတယ်။ မိန်းမတွေနဲ့သိပ်မပက်သက်တော့ မိန်းကလေးတွေအကြိုက်ပေါ့။ အထီးကျန်ရုပ်ဆိုးမလေး ကန်ဒစ်ကကျောင်းမှာစာလည်းတော်သလောက် သူ့ကိုပေါင်းသင်းမယ့်သူမရှိဘူး။ ဒီလိုနဲ့ ကိုယ်တော်ချောသုံးယောက်ထဲကတစ်ယောက်က ကန်ဒစ်ကိုမျက်စိကျသွားတဲ့အခါမှာတော့..... File Size… (2.05GB) / (1.08GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 51m Genre … Comedy , Romance Subtitle….Myanmar Subtitle (Hard Sub)