The Chronology of Water (2025)

Genres: Drama
The Chronology of Water (2025) IMDb Rating (6.4) / Rotten Tomatoes (90%) နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေကြားကနေ ဘဝကို ပြန်လည်ရှာဖွေခြင်း "The Chronology of Water (2025)" "Twilight" မင်းသမီးချောလေးအဖြစ် ပရိသတ်တွေ စတင်ရင်းနှီးခဲ့တဲ့ နာမည်ကြီး မင်းသမီး Kristen Stewart ရဲ့ ပထမဆုံး ဒါရိုက်တာအဖြစ် ဖန်တီးရိုက်ကူးထားတဲ့ "The Chronology of Water" ဟာ ၂၀၂၅ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး အခု တင်ပေးထားပါပြီ။ စာရေးဆရာမ Lidia Yuknavitch ရဲ့ နာမည်ကြီး ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကို အသက်သွင်းထားတဲ့ ဒီ Biographical Drama ရုပ်ရှင်ရဲ့ အဓိက Theme ကတော့ ကလေးဘဝရဲ့ စိတ်ဒဏ်ရာ၊ မူးယစ်ဆေးနဲ့ အရက် စွဲလမ်းမှု အရှုပ်အထွေးတွေကြားကနေ စာရေးခြင်းနဲ့ ရေကူးခြင်း အနုပညာကတစ်ဆင့် မိမိကိုယ်ကို ပြန်လည်ကုစားတဲ့ အကြောင်းကို အကြမ်းပတမ်းနဲ့ အရှိကိုအရှိတိုင်း တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဒီကားရဲ့ အသက်သွေးကြောကတော့ အဓိကဇာတ်ကောင် Lidia အဖြစ် ပါဝင်ထားတဲ့ မင်းသမီး Imogen Poots ပါပဲ။ Lidia ရဲ့ အစ်မဖြစ်သူ နေရာမှာတော့ ဝါရင့်မင်းသမီး Thora Birch က ပါဝင်ထားပြီး သူတို့ ညီအစ်မနှစ်ယောက်ကြားက အပြန်အလှန် နားလည်မှု (Chemistry) က အရမ်းကို သဘာဝကျပါတယ်။ အကြမ်းဖက်တတ်တဲ့ အဖေဖြစ်သူ နေရာမှာတော့ Michael Epp က သရုပ်ဆောင်ထားပြီး ရည်းစားဖြစ်သူအဖြစ် Earl Cave တို့က အသီးသီး ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်း ဇာတ်လမ်းအစမှာတင် Lidia တစ်ယောက် သူမရဲ့ ရှုပ်ထွေးနေတဲ့ ဘဝထဲမှာ ရုန်းကန်နေရတာကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းရဲ့ အဓိက ပဋိပက္ခကတော့ ကလေးဘဝကတည်းက အဖေဖြစ်သူရဲ့ အကြမ်းဖက်မှုတွေကြောင့် ရလာတဲ့ စိတ်ဒဏ်ရာတွေကို Lidia တစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ဖြေရှင်းလဲ ဆိုတာပါပဲ။ သူမဟာ နာကျင်မှုတွေကို မေ့ဖျောက်ဖို့ အရက်နဲ့ မူးယ…