Tabayyun (2025)

Tabayyun

Genres: Drama

Tabayyun (2025) IMDb Rating (6.6) ဒရာမာကားကောင်းလေးတွေ ရှားပါးနေတဲ့ ဒီလိုအချိန်မှာ ၂၀၂၅ခုနှစ်ထွက် အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ခု လာပါပြီဗျာ။ ဇာတ်ကားတစ်ခုကို ကြည့်တဲ့အခါမှာ အဓိကသရုပ်ဆောင်တွေကို ကြိုက်လို့ ဒါမှမဟုတ် ဇာတ်လမ်းဇာတ်ကွက်ကို ကြိုက်လို့ သွားကြည့်တတ်ကြပါတယ်။ ဇာတ်ကားကောင်းတစ်ခုဟာဆိုရင် ကြည့်ရှုသူကို အသိအမြင်တစ်ခုပေးစွမ်းနိုင်တယ်၊ ခံစားမှုရသတစ်ခုကို ခံစားရစေတယ်၊ စဉ်းစားတွေးခေါ်စရာတွေကို ပေါ်လာစေတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် ဒါတွေအားလုံးပါတဲ့ ဇာတ်ကားကောင်းတစ်ခုပါလို့ အရင်ဆုံးပြောပါရစေ။ ဒီဇာတ်ကားဟာဆိုရင် စင်ဂယ်မားသားတစ်ဦးရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ ဒါပေမယ့် သူ့ရဲ့အတိတ်က မရိုးရှင်းပါဘူး။ ဇာလီနာရဲ့ အမေဟာ စင်ဂယ်မားသားတစ်ဦးဖြစ်ပါတယ်။ ပြည့်တန်ဆာအဖြစ်နဲ့ ပတ်ဝန်းကျင်ရဲ့ ရှုံချမှုကိုခံရင်း သမီးဖြစ်သူ ဇာလီနာကို ကောလိပ်ရောက်အောင် ပို့နိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ဇာလီနာဟာ ပထွေးဖြစ်သူရဲ့ အဓမ္မကျင့်ခြင်းကို ခံခဲ့ရပါတယ်။ မိခင်ဖြစ်သူကလည်း ပထွေးကို နေရာတွင်ပဲ အသေသတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဇာလီနာတို့သားအမိရဲ့ အနာဂတ်ရည်မှန်းချက်တွေဟာ ပျက်သုန်းခဲ့ရပြီး မိသားစုအသိုက်အမြုံလေးလည်း ပျက်စီးခဲ့ရပါတော့တယ်။ တစ်ရပ်တစ်ကျေးမှာ ဘဝတစ်ခုကိုထူထောင်ဖို့ သွားခဲ့ပေမယ့် ပထွေးရဲ့ကိုယ်ဝန်ကို လွယ်ခဲ့ရတဲ့ ဇာလီနာအဖို့ ဒီကလေးအပေါ် နာကျည်းစိတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မွေးလာတဲ့ကလေးလေးရဲ့မျက်နှာကို မြင်ပြီးနောက်မှာ ဇာလီနာအနေနဲ့ မကောင်းတဲ့စိတ်တွေရှင်းသွားပြီး ဒီကလေးကို ယုယုယယနဲ့ပြုစုပျိုးထောင်ပါတော့တယ်။ ဒီလိုအမေတစ်ခုသားတစ်ခုဘဝနဲ့ ဘဝကိုရိုးရိုးရှင်းရှင်းနေထိုင်နေတဲ့ ဇာလီနာကို သူအလုပ်လုပ်တဲ့ကုမ္ပဏီက သူဌေးမရဲ့သား အာရ်လိုက ချစ်မိခဲ့ပါတော့တယ်။ အာရ်လိုအနေနဲ့ကလည်း ဖခင်မရှိဘဲနေလာရတဲ့သူဖြစ်တဲ့အတွက် ဇာလီနာရဲ့သားလေးအပေါ် စ…

You May Also Like