Sentimental Value (2025)

Sentimental Value

Genres: Drama

Sentimental Value (2025) IMDb Rating (8.0) / Rotten Tomatoes (96%) Cannesရဲ့ ဒုတိယအမြင့်ဆုံးဆုဖြစ်တဲ့ Grand Prix ရထားသလို ၂၀၂၆အော်စကာအတွက်လည်း နော်ဝေးက submissionတင်ထားတဲ့ နော်ဝေးရုပ်ရှင်ပါ။ Shortlistထဲတော့ ပါဖို့သေချာသလောက်ပါပဲ။ ဒီဒါရိုက်တာ ဒီမင်းသမီးနဲ့ပဲရိုက်ခဲ့တဲ့ The Worst Person in the World တုန်းကလည်း Cannesမှာလည်း ရခဲ့သလို အော်စကာ Shortlistထဲထည်း ဝင်ခဲ့သေးတယ်။ ဖောရိန်းရုပ်ရှင်ဆုကနေ ခုန်ကျော်ပြီး ဇာတ်ညွှန်းဆုထဲပါ ဝင်ခဲ့ပါသေးတယ်။ နော်ဝေးဒါရိုက်တာ Joachim Trierက ကားတိုင်းကောင်းသလောက် ကားရိုက်တော့ တော်တော်ကြဲတဲ့ ဒါရိုက်တာ။ အမြဲလိုလိုနီးပါး တစ်ကားနဲ့တစ်ကားကြား လေးနှစ်လောက်ခြားတယ်။ သူ့ကားကလည်း ခုထိမှ ၆ကားပဲရှိမယ်။ ၂၀၂၁မှာ The Worst Person in the World ထွက်ပြီးတဲ့နောက် ခု ၂၅ကျမှ Sentimental Value ထပ်ထွက်တယ်ဆိုတော့ ရိုးရာတော့မပျက်ပါဘူး။ Oslo Trilogyပြည့်သွားပေမဲ့လည်း သူ့မြို့ဖြစ်တဲ့ Osloကို ဇာတ်အိမ်တည်တဲ့ ရိုးရာကလည်း မပျက်ခဲ့ဘူး။ သူ့တင်ဆက်တဲ့ပုံစံကလည်း ရိုးရာမပျက်ခဲ့ဘူး။ သူ့ရုပ်ရှင်တွေက ဆိုခဲ့သလို ကျဲကျဲပဲ ထွက်ပေမဲ့လည်း သူ့ကားတိုင်းကတော့ လူ့ဆက်ဆံရေးရဲ့ဝိရောဓိနဲ့ လူ့ဒဏ်ရာကနေမှ အဲဒီဒဏ်ရာကို လက်ခံလိုက်ပုံကို တင်ပြတတ်တယ်။ တစ်ကားနဲ့တစ်ကား ဒဏ်ရာတွေ ဝိရောဓိတွေကတော့ အမျိုးအစား မတူဘူးပေါ့။ Sentimental Valueကတော့ မိသားစုဒရာမာလို့ ပြောရမယ်။ ရှေ့ကားတွေမှာတော့ မိသားစုအပိုင်းကို ပြတော့ပြခဲ့ပေမဲ့ ဒီလောက်ထိ မိသားစုချည်းသက်သက်ရဲ့ ဝိရောဓိနဲ့ ဒဏ်ရာကို အသားပေးတာတော့ မဟုတ်ခဲ့ဘူး။Sentimental Valueမှာတော့ မိသားစုတစ်ခုရဲ့ ဒဏ်ရာနဲ့ အဲဒီဒဏ်ရာကို လက်ခံလိုက်ပုံကို ပုံဖော်ထားတယ်။ မိသားစုဆိုတာထက် Broken Familyလို့ ပြောရလိမ့်မယ်။ နာမည်ကိုကလည်း Sentimental Valueဆိုတော့ မိသားစုတစ်ခုရဲ့ Sentimental Value အရှ…

You May Also Like