Samurai Fury Aka Muromachi Burai (2025)

Muromachi Burai" Review "Muromachi Burai" ဟာ ၂၀၂၅ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ ဂျပန်သမိုင်းနောက်ခံ အက်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Yu Irie က ရိုက်ကူးထားပြီး နာမည်ကျော် မင်းသား Yo Oizumi က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားဟာ Ryosuke Kakine ရဲ့ နာမည်ကျော်ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းက ၁၅ ရာစု ဂျပန်နိုင်ငံ ကျိုတိုမြို့ (Kyoto) မှာ ဖြစ်ပွားခဲ့တဲ့ အိုနင်စစ်ပွဲ (Onin War) ရဲ့ အစောပိုင်းကာလကို ပုံဖော်ထားတာပါ။ အဲဒီအချိန်က အကြီးအကျယ် ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ပွားနေပြီး လူတွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ အုပ်ချုပ်သူတွေကတော့ ကိုယ့်အပျော်အပါးနဲ့ကိုယ်ပဲ ရှိနေပြီး ပြည်သူတွေကို လုံးဝဂရုမစိုက်ကြပါဘူး။ ဒီလို ဖရိုဖရဲ ကာလမှာပဲ ဟာဆူဒါ ဟိုအဲ (Hasuda Hyoe) ဆိုတဲ့ ရိုနင် (သခင်မဲ့ဆာမူရိုင်း) (Ronin) တစ်ယောက် ပေါ်ထွက်လာပါတယ်။ သူဟာ ဆင်းရဲသားပြည်သူတွေနဲ့ ခိုးသားအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ဖောက်ပြန်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို တော်လှန်ပုန်ကန်ခဲ့ပါတယ်။ ဇာတ်ကားထဲမှာ ဟိုအဲရဲ့ ခေါင်းဆောင်မှု သူတို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေနဲ့ သစ္စာဖောက်မှု မိတ်ဆွေဖွဲ့မှု စတာတွေကို အနုစိတ် ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားရဲ့ အားသာချက်ကတော့ ဇာတ်လမ်းဇာတ်အိမ် တည်ဆောက်မှု ကောင်းမွန်တာပါပဲ။ ဖောက်ပြန်တဲ့အုပ်ချုပ်ရေးစနစ်ကို ပြည်သူလူထုက ပုန်ကန်တဲ့ ဇာတ်လမ်းဟာ ဘယ်ခေတ်ဘယ်အခါမဆို သက်ဆိုင်နေတဲ့အတွက် ရုပ်ရှင်ကြည့်ပရိသတ်ကို ဆွဲဆောင်နိုင်ပါတယ်။ အက်ရှင်ခန်းတွေ၊ ဓားခုတ်တိုက်ပွဲတွေကလည်း ကြည့်ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ မင်းသား Yo Oizumi ဟာ ဟိုအဲရဲ့ နေရာမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားနိုင်ပြီး စရိုက်သွက်လက်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ ဇာတ်ကောင်ကို ပီပြင်အောင် ပုံဖော်နိုင်ခ…