Mercy (2026)

Genres: Thriller · Action · Science Fiction
Mercy (2026) ဒီတစ်ခါတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ စိတ်ကူးယဉ် သိပ္ပံနဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားသစ် "Mercy (2026)" တင်ပေးထားပါတယ်။ ဒီကားမှာ နာမည်ကြီး မင်းသား Chris Pratt နဲ့ မင်းသမီး Rebecca Ferguson တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Timur Bekmambetov က ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ မဝေးတော့တဲ့ အနာဂတ်ကာလရဲ့ လော့စ်အိန်ဂျလိစ်မြို့ကို အခြေခံထားတယ်။ မြို့မှာ ပြစ်မှုကျူးလွန်မှုတွေ အရမ်းများလာတဲ့အတွက် တရားခံတွေကို လူတွေအစား "Mercy Court" လို့ခေါ်တဲ့ ဉာဏ်ရည်တု (AI) တရားသူကြီးက စစ်ဆေးစီရင်တဲ့ စနစ်ကို ကျင့်သုံးလာကြတယ်။ ဇာတ်ကောင် Chris Raven (Chris Pratt) က ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ဒီ AI တရားစီရင်ရေးစနစ်ကို အရမ်းထောက်ခံခဲ့သူပေါ့။ ဒါပေမဲ့ တစ်ရက်ကျတော့ သူကိုယ်တိုင် သူ့မိန်းမဖြစ်သူ Nicole ကို -တ်မှုနဲ့ စွပ်စွဲခံရပြီး Mercy Court ရဲ့ AI တရားသူကြီး Maddox (Rebecca Ferguson) ရှေ့မှာ ရောက်နေပါလေရော။ သူက အရက်မူးပြီး အတိတ်မေ့နေတဲ့အတွက် တကယ်ပဲ သူ-တ်တာလား၊ မ-တ်ဘူးလားဆိုတာကို သေချာမသိဘူး။ ဒီတရားရုံးရဲ့ စည်းကမ်းက တရားခံကို အထောက်အထားတွေ ရှာဖွေခွင့်၊ ကင်မရာ မှတ်တမ်းတွေ ကြည့်ခွင့်ပေးထားပြီး သူ့ရဲ့ အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့ အချိန် (၉၀) မိနစ် အတိအကျ ပေးထားတယ်။ ပေးထားတဲ့ (၉၀) မိနစ်အတွင်းမှာ သူ အပြစ်မရှိကြောင်း သက်သေမပြနိုင်ရင် AI က သူ့ကို ချက်ချင်း သေဒဏ်ပေးမှာပါ။ ဒါကြောင့် Chris တစ်ယောက် အချိန်မီ သက်သေပြနိုင်မလား၊ တကယ်ပဲ သူ့မိန်းမကို သူသတ်ခဲ့တာလား၊ ကွယ်ဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပါ။ ဒီကားက ဇာတ်အိမ်တည်ထားပုံ စိတ်ဝင်စားစရာကောင်းပါတယ်။ AI နည်းပညာနဲ့ စုံထောက်ဇာတ်လမ်းကို ပေါင်းစပ်ထားပြီး Screenlife ပုံစံမျိုးနဲ့ (ကင်မရာမှတ်တမ်း…