Manhattan (1979)

Genres: Drama · Comedy · Romance
Manhattan (1979 ) မန်ဟက်တန်ရုပ်ရှင်က နယူးယောက်ကို ဝူဒီအယ်လန် ပေးခဲ့တဲ့ အလှဆုံး ရည်းစားစာတစ်ပုဒ်ပဲ။ ဒီလိုပြောရတဲ့ အကြောင်းရင်းက တစ်ခုတည်းတော့ မဟုတ်ဘူး။ မန်ဟက်တန်ရုပ်ရှင်က နယူးယောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မန်ဟက်တန်က လူနေမှုဘဝကို အခြေခံထားရော။ မန်ဟက်တန်က လူတွေရဲ့ ဘဝကို ပြထားတာရော။ နောက် မက်ဟက်တန်မြို့ရဲ့ မြင်ကွင်းတွေကို အလှဆုံး ပုံဖော်ထားတာကြောင့်ရောပေါ့။ သူ့အဖွင့်က Midnight in Paris နဲ့ အတူတူပဲလို့ ပြောလို့ရတယ်။ Midnight in Parisကလည်း ပါရီအတွက် သူ့ရည်းစားစာ ဖြစ်နေခဲ့တယ်ကိုး။ ထူးတာက ဒီမန်ဟက်တန် ရုပ်ရှင်ထဲက နယူးယောက်ရဲ့ လှပခြင်းမျိုးကို ဘယ်ရုပ်ရှင်မှာမှ ကျွန်တော် မတွေ့ဖူးဘူး။ ဝူဒီအယ်လန် ကိုယ်တိုင်ဆီမှာတောင် မမြင်ဖူးဘူး။ အဖြူအမည်းပဲ သုံးပြီး ပုံဖော်ထားတာပေမဲ့ အဲဒီအဖြူအမဲနဲ့ ပုံဖော်ထားတာကိုက အများကြီး ပိုအသက်ဝင်နေတယ်။ အထူးသဖြင့် မန်ဟက်တန်ညတွေ အဖြူအမည်းနဲ့ ပုံဖော်ထားတာက မတရားလှတယ်။ ညကလည်း မည်းနေတယ်။ မိုးထိတိုက်ကြီးတွေကလည်း မည်းနေတယ်။ အမည်းရောင် ပြင်ကြီးပေါ့။ အဲဒီပြင်ကြီးပေါ်မှာ ကျွန်တော်တို့ မြင်ရတဲ့ အဖြူပျပျက သူ့မြို့ပြက ညမီးတွေရဲ့ အလင်းပဲရှိတယ်။ သူလည်း ကြိုက်လို့ ထင်ပါတယ်။ ညတွေကို ဒီလိုပုံဖော်ထားတဲ့ အခန်းမျိုး အများကြီး ထည့်ထားတယ်။ မြို့ပြတစ်ခုကို ပုံဖော်ရာမှာ ညတွေမပါဘဲ အလကားပဲမလား။ လူတွေ လမ်းမီးအဝါတွေ လမ်းမတွေ တကယ်လို့ ရှိခဲ့ရင် မိုးစက်တွေ.. ရေစိုနေတဲ့ လမ်းတွေနဲ့မှ အသက်ဝင်လိမ့်မယ်။ ကျွန်တော့် အမြင်တော့ မြို့ကြီးပြကြီးတွေဟာ ညတွေမှာပဲ အသက်ဝင်တဲ့ နေရာမျိုးပဲ။ ညတွေ အသက်မဝင်တဲ့ မြို့ပြတွေဟာ သေနေတဲ့ မြို့ပျက်တွေပါပဲ။ မန်ဟက်တန်ရဲ့ ဒီလိုညတွေကို အသက်သွင်းနိုင်ခဲ့တဲ့ အပိုင်းကိုတော့ အယ်လန်ထက် Gordon Willisကို ပို အမွှမ်းတင် ရလိမ့်မယ်။ အယ်လန်ရဲ့ တခြားနာမည်ကြီး ဖလင်ဖြစ်တဲ့ Annie Hall ကိ…