Magnolia (1999)

Genres: Drama
Magnolia (1999) ဂရင်းဘယ်ရီဟေးလ်မှာနေတဲ့ လူကြီးလူကောင်းတစ်ယောက်ကို လုယက်သတ်ဖြတ်ခဲ့တဲ့လူသုံးယောက် ကြိုးပေးခံခဲ့ရတယ်။ တိုက်ဆိုင်မှုလားတော့ မသိပေမဲ့ အဲဒီလူသုံးယောက်ရဲ့နာမည်က ဂျိုးဆက်ဂရင်း၊ စတန်လေဘယ်ရီနဲ့ ဒန်နီရယ်ဟေးလ်။ ဂရင်းဘယ်ရီဟေးလ်။ ရေကန်တစ်ခုမှာ ရေငုပ်နေတဲ့ ရေငုပ်သမားတစ်ယောက်ဟာ ရေငုပ်ဝတ်စုံနဲ့ တောမီးလောင်ပြင်မှာ သေသွားခဲ့တယ်။ တိုက်ဆိုင်မှုသက်သက်ပဲလားတော့ မပြောတတ်ဘူး။ ၉ထပ်တိုက်ပေါ်ကနေ ကောင်လေးတစ်ယောက်ဟာ ခုန်ချပြီးသတ်သေခဲ့တယ်။ အောက်၅လွှာမှာ လုံခြုံရေးပိုက်ကွန်တပ်ထားလို့ ပြုတ်ကျရင် ပိုက်ကွန်ထဲကျပြီး မသေနိုင်လောက်ဘူး။ ဒါပေမဲ့ အောက်၃လွှာမှာ သေနတ်တစ်လက်နဲ့ သူ့အဖေနဲ့အမေ ရန်ဖြစ်နေတယ်။ သူ့အမေပစ်လိုက်တဲ့ကျည်က ၆လွှာကို ဖြတ်လာတဲ့ သူ့ဗိုက်တည့်တည့်ဝင်ပြီး ပွဲချင်းပြီး သေပြီး လုံခြုံရေး ပိုက်ကွန်ပေါ်ကျသွားခဲ့တယ်။ မအောင်မြင်ခဲ့တဲ့သတ်သေမှုကနေ အောင်မြင်တဲ့လူသတ်မှုဖြစ်လာခဲ့တယ်။ ကောင်လေးအသတ်ခံရမှုအတွက် ကြံရာပါဟာ ကောင်လေးကိုယ်တိုင်ပဲ ဖြစ်လာခဲ့တယ်။ တိုက်ဆိုင်မှုသက်သက်ပဲလား။ မမြင်ရတဲ့ တန်ခိုးရှိတဲ့တစ်စုံတရာ ရှိနေခဲ့တာလား။ ဇာတ်အိမ်ကတော့ တစ်ဦးတစ်ယောက်တည်းစီဦးမတည်ဘူး။ Philip Seymour Hoffman, Tom Cruise, Jason Robards, Julianne Moore, John C. Reilly, Philip Baker Hall, Melora Walters, Melinda Dillon, William H. Macy, Jeremy Blackmanစသဖြင့် ဟောလိဝုဒ်က သရုပ်ဆောင်ကောင်းတဲ့ သရုပ်ဆောင်တွေကို သုံးထားတယ်။ ဒီလူတွေအကုန်လုံးဆီ ဇာတ်အိမ်က ဖြန့်ကျက်ထားတယ်။ သူတို့ဘဝတွေကတော့ မတူဘူး။ သူဠေးတွေ၊ နာမည်ကျော်တွေ၊ ဘဝမှာနေပျော်အောင်နေနိုင်သူတွေ၊ ဘဝမှာနေပျော်အောင်မနေနိုင်သူတွေ၊ အပြစ်သားတွေ၊ နစ်နာသူတွေ၊ ဘဝင်လေဟပ်နေတဲ့လူတွေ၊ ထရော်မာရှိတဲ့လူတွေ၊ အရှုံးသမားတွေ အစုံပါတယ်။ ကလေးလေးကနေ အဘိုးကြီးအထိပါတယ်။ ဒီမတူတဲ့လူတွေမှာ ဒီမတူတဲ့ဘဝတ…