Like for Likes (2016)

Like for Likes

Genres: Comedy · Romance

Like for Likes (2016) ******************** IMDb... 7.2 ခေတ်သစ်လူမှုဘဝမှာ ဆိုရှယ်မီဒီယာကို အခြေခံပြီး ချစ်ခြင်းမေတ္တာကို ဖော်ကျူးကြတဲ့ စုံတွဲသုံးတွဲအကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Kim Joo-hyeokနဲ့အတူ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Yoo Ah-in, Kang Ha-neul, Choi Ji-woo, Lee Mi-yeon, Esom တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း နိုဂျင်အူ (Yoo Ah-in)ဟာ စစ်မှုထမ်းပြီးတာ မကြာသေးတဲ့ နာမည်ကြီးသရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဂျိုဂယောင်းအာ (Lee Mi-yeon) ကတော့ ဇာတ်လမ်းတွဲတွေရေးတဲ့ ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ ဂယောင်းအာက သူ့ရဲ့ဇာတ်လမ်းတွဲအသစ်ထဲမှာ ပါဝင်ဖို့ နိုဂျင်အူကို ကမ်းလှမ်းခဲ့ပေမဲ့ နိုဂျင်အူကတော့ ငြင်းပယ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မင်္ဂလာဆောင်တစ်ခုမှာ နိုဂျင်အူဟာ ဂယောင်းအာရဲ့သားလေး ဘုမ်းလေး ကို ရုတ်တရက် တွေ့လိုက်ရပြီးတဲ့နောက်မှာ အတိတ်က ဇာတ်လမ်းတစ်ခုကြောင့် ဘုမ်းလေးက သူ့ကလေးများဖြစ်နေမလားဆိုတဲ့ သံသယတွေ ဝင်လာခဲ့ပါတော့တယ်။ ဂျောင်ဆောင်ချန်း (Kim Joo-hyuk) ကတော့ ဂျပန်စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ချစ်သူနဲ့ လက်ထပ်ပြီးရင် အတူနေဖို့အတွက် တိုက်ခန်းလေး တစ်ခန်း ငှားရမ်းဖို့လိုက်ရှာရင်းကနေ လေယာဥ်မယ်လေး ဟမ်ဂျူရန် (Choi Ji-woo) ဆီကနေ အခန်းငှားရမ်းဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကံအကြောင်းမလှချင်တော့ ဆောင်ချန်းဟာ ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံလိုက်ရပြီးနောက် တစ်ချိန်တည်းမှာပဲ ဂျူရန်ကလည်း ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ရာကနေ ပိုက်ဆံအလိမ်ခံလိုက်ရပြီး ခိုကိုးရာမဲ့နေချိန်မှာ ဆောင်ချန်းက သူငှားထားတဲ့ တိုက်ခန်းမှာ ဂျူရန်နဲ့ အတူနေထိုင်ဖို့ လမ်းလှမ်းဖြစ်ခဲ့ပါတယ်။ အီဆူဟို…

You May Also Like