Jackass: The Movie (2002)

Genres: Comedy · Action · Documentary
Jackass the Movie (2002) (စပြောရမယ်ဆိုရင်တော့ ဒီကားကို ရွံတတ်တာတို့ အူယားတာတို့ ထမင်းစားနေတုန်းတို့ဆို မကြည့်ကြပါနဲ့ နောက်ပြီး ဒီစတန့်တွေကို လိုက်လည်း မစမ်းကြည့်ကြပါနဲ့၊ ဒီကောင်တွေက ပရော်ဖက်ရှင်နယ် အနာခံနိုင်တဲ့ ငတုံးတွေဖြစ်နေလို့ပါပဲ) ကဲ စပြောရမယ်ဆိုရင်တော့ Jackass သမိုင်းပဲဗျ၊ အဓိက ဖြစ်လာစေတဲ့ ပဲ့ကိုင်ရှင်ကတော့ သရုပ်ဆောင်ဖြစ်ချင်နေတဲ့ စတန့်သမား Johnny Knoxville ပဲ သူနဲ့ တခြား ပေါက်ကရစတန့်တွေ လုပ်ကြတဲ့စကိတ်သမားတွေတို့ကို တစ်စုတစ်စည်းတည်း ပေါင်းစည်းစေခဲ့ပြီး Jackass ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ဒီ ငပိန်းတွေကို MTV ကနေ စီးရီးအဖြစ် ထုတ်ပေးခဲ့ပြီး တော်တော်ကို ပေါက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတွေက ကြည့်ပြီးလိုက်လုပ်ကြတော့ ဆင်ဆာတွေဖြတ်ရ ဟိုဟာပိတ် ဒီဟာတားရ ဖြစ်လာတာပေါ့။ အဲဒီလိုဆို တီဗီစီးရီးက ဆင်ဆာဖြတ်တာများတယ် ငါတို့ ရုပ်ရှင်အဖြစ်ထုတ်ကြမယ်ဆိုပြီး ဆော်ရာကနေ ဒီ ရုပ်ရှင်အတွဲလိုက်တွေ ဖြစ်လာတော့တာပါပဲဗျာ။ ဒီကောင်တွေ ဘာလို့ ဒီလိုအနာခံနိုင်ပြီး ဒူပေဒဏ်ပေနဲ့ ဒီစတန့်တွေ ဘာလို့လုပ်ရတာလဲဆိုတော့ 90 ကာလအကျော်က စကိတ်ယဉ်ကျေးမှုမှာ အချင်းချင်းဘော်ဒါကြားထဲ ဘယ်ကောင်က ပိုသွေးရဲလဲ ဘယ်ကောင်က ပိုပြီး ရူးသွပ်လဲဆိုပြီး စိန်ခေါ်ရာကနေ ဖြစ်ပေါ်လာခဲ့တာပေါ့။ နောက်ပြီး အနုပညာလောကထဲဝင်ဖို့ ရုန်းကန်နေရတော့ နာမည်ကြီးချင် ပေါက်ချင်လို့လည်း ပါတာပေါ့လေ။ တကယ်လည်း အောင်မြင်ခဲ့ပါတယ် Johnny Knoxville ဆိုရင် အာနိုးကြီးနဲ့တောင် အတူတူသရုပ်ဆောင် ရိုက်ဖူးပါသေးတယ်။ ဒီ Jackass အဖွဲ့ကြီးက အရူးတစ်သိုက် ပေါက်ကရအနာခံပြီး လုပ်နေကြတာဆိုပေမဲ့ ခိုင်မာတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ အတူတူ ဆေးထိုးလိုက် ဒဏ်ရာတွေရရင် ဖေးကူလိုက်နဲ့ အတူတူ ဖြတ်သန်းနေကြတဲ့ ဘော်ဒါတသိုက်ပါ။ သူတို့အဖွဲ့ဝင်တွေကတော့ ခေါင်းဆောင်လို ဖြစ်နေမယ့် Johnny Knoxv…