Jackass: Best and Last (2026)

Jackass: Best and Last

Genres: Comedy · Action · Documentary

(စပြောရမယ်ဆိုရင်တော့ ဒီကားကို ရွံတတ်တာတို့ အူယားတာတို့ ထမင်းစားနေတုန်းတို့ဆို မကြည့်ကြပါနဲ့ နောက်ပြီး ဒီစတန့်တွေကို လိုက်လည်း မစမ်းကြည့်ကြပါနဲ့၊ ဒီကောင်တွေက ပရော်ဖက်ရှင်နယ် အနာခံနိုင်တဲ့ ငတုံးတွေဖြစ်နေလို့ပါ) Jackass ပရိသတ်တွေအဖို့ အသစ်ထွက်လာလို့ ဝမ်းလည်းသာရ နောက်ဆုံးရုပ်ရှင်ဖြစ်နေတော့လည်း ဝမ်းနည်းရမှာ အမှန်ပါပဲ။ အကြမ်းစားစတန့်တွေဆိုတော့လည်း ဆရာသမားတွေက အသက်အရွယ်လည်းရလာတော့ နားဖို့ ဆုံးဖြတ်လိုက်တာနဲ့ တူပါတယ်လေ။ ဖြတ်သန်းခဲ့ရတဲ့ကာလကလည်း နှစ်ပေါင်း ၂၀ ကျော်တောင် ရှိပြီကိုး။ ဒီမှာတစ်ခုပြောစရာရှိတာက တစ်ကားလုံး စတန့်အသစ်တွေ မဟုတ်တော့ပဲ အရင်ဇာတ်ကားထဲက ကောင်းနိုးရာရာတွေကို ပြန်ပြပြီး အသစ်လေးတွေ ညှပ်ညှပ်ထည့်ပေးထားတာမို့ အားမရချင်စရာတော့ ရှိပါတယ်။ ကဲ စပြောရမယ်ဆိုရင်တော့ Jackass သမိုင်းပဲဗျ၊ အဓိက ဖြစ်လာစေတဲ့ ပဲ့ကိုင်ရှင်ကတော့ သရုပ်ဆောင်ဖြစ်ချင်နေတဲ့ စတန့်သမား Johnny Knoxville ပဲ သူနဲ့ တခြား ပေါက်ကရစတန့်တွေ လုပ်ကြတဲ့စကိတ်သမားတွေတို့ကို တစ်စုတစ်စည်းတည်း ပေါင်းစည်းစေခဲ့ပြီး Jackass ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ဒီ ငပိန်းတွေကို MTV ကနေ စီးရီးအဖြစ် ထုတ်ပေးခဲ့ပြီး တော်တော်ကို ပေါက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတွေက ကြည့်ပြီးလိုက်လုပ်ကြတော့ ဆင်ဆာတွေဖြတ်ရ ဟိုဟာပိတ် ဒီဟာတားရ ဖြစ်လာတာပေါ့။ အဲဒီလိုဆို တီဗီစီးရီးက ဆင်ဆာဖြတ်တာများတယ် ငါတို့ ရုပ်ရှင်အဖြစ်ထုတ်ကြမယ်ဆိုပြီး ဆော်ရာကနေ ဒီ ရုပ်ရှင်အတွဲလိုက်တွေ ဖြစ်လာတော့တာပါပဲဗျာ။ ဒီကောင်တွေ ဘာလို့ ဒီလိုအနာခံနိုင်ပြီး ဒူပေဒဏ်ပေနဲ့ ဒီစတန့်တွေ ဘာလို့လုပ်ရတာလဲဆိုတော့ 90 ကာလအကျော်က စကိတ်ယဉ်ကျေးမှုမှာ အချင်းချင်းဘော်ဒါကြားထဲ ဘယ်ကောင်က ပိုသွေးရဲလဲ ဘယ်ကောင်က ပိုပြီး ရူးသွပ်လဲဆိုပြီး စိန်ခေါ်ရာကနေ ဖြစ်ပေါ်လာခဲ့တာပေါ့။ နောက်ပြီး အနုပညာလောကထဲဝင်ဖို့ ရုန…

You May Also Like